Unicode....
~~~~~
ခရီးဆောင်အိတ်ထဲ လိုအပ်တဲ့အဝတ်အစားနှစ်စုံနဲ့
အသုံးအဆောင်တွေကို ထည့်လိုက်တယ်။ ဒီစနေ၊
တနဂ်နွေနားရက်မှာ တစ်နေရာသွားမယ်လို့စဉ်းစားထားခဲ့တာ..တိုက်ဆိုင်စွာနဲ့ ကသစ် နဲ့ မေချမ်းပြည့်တို့နှစ်ယောက် ခွင့်ရပြီး ရွာလေးတစ်ရွာကို သွားရမည်။
သွားရသည့် အကြောင်းမှာ Nurse အဲလ်လိဇဘက်
ရဲ့မဂ်လာဆောင်ကိစ္စနဲ့သွားကြမှာ။လွိုင်ကော်ဆေးရုံ
ကိုရောက်လာတာ တော်တော်ကြာနေပြီ၊မြို့ထဲကလွှဲရင် ကျန်တဲ့နေရာတွေ မရောက်ဖြစ်ခဲ့ဘူး။နေခြည်နဲ့
ရွာတွေဖက်ကို လိုက်ပို့ခိုင်းချင်ပေမယ့် သူမလည်း
အလုပ်တစ်ဖက် နဲ့အားတဲ့အချိန်ပဲ ကသစ် ဆီလာ
တာဖြစ်လို့ ရွာတွေမရောက်ဖြစ်ခဲ့။ နေခြည် မှာ
အခုထိ သစ်ကွင်းကနေပြန်ရောက်မလာသေး။ ဖုန်း
ဆက်ကြည့်တော့ ရွာတွေဖက်မှာ ကိစ္စလေးတစ်ခုရှိ
လို့နေရဦးမယ်လို့ ပြောလာခဲ့တယ်။"ကသစ် ပြီးပြီလား...သွားရအောင်လေ.."
အိမ်ရှေ့မှာ မေ ရောက်လာပြီး ကသစ် ကိုခေါ်
နေပြီ။"ပြီးပြီ... ထွက်လာခဲ့မယ် မေ.."
အိတ်ကိုဇစ်ပိတ်၍ ဖုန်းနဲ့ကားသော့ကို ကောက်
ယူပြီး အိမ်အပြင်ဖက်ကိုထွက်လာခဲ့သည်။အပြင်
ရောက်တဲ့အခါ အပြာနုရောင် ဝမ်းဆက်လေးနဲ့
လှနေတဲ့ မေချမ်းပြည့် ကားဘေးမှာအဆင်သင့်ရပ်
စောင့်နေသည်။"စုံပြီလား ကသစ်"
"စုံပြီလေ မေ..လာ ကားထဲကိုအိတ်တွေ
ထည့်လိုက် သွားကြရအောင်..""အရမ်းတက်ကြွနေတာနော် ကသစ်"
"နားရက်လေးမှာအခုလို Tripသဘောမျိုးထွက်
ရလို့ အရမ်းပျော်နေတာလေ..အဟင်း..""ဟုတ်ပါပြီ..ခရီးဝေးမောင်းရမှာမလို့
ကသစ် ဝတ်ထားတဲ့ အဝတ်အစားတွေနဲ့
လိုက်နေတာပဲနော်""မေ..လည်းလှပါတယ်
ကသစ် ဝတ်ထားတာ ဂျင်းဘောင်းဘီ နဲ့
ရှပ်အကျီပါပဲနော်""လှတယ်လေ ကသစ်ရဲ့အသားက
မေ့ ထက်ဖွေးတယ် ""မေ..လည်းဖြူပါတယ်နော်..
ဇွတ်မြှောက်မနေနဲ့..သိလား..
လမ်းမှာစားဖို့ မုန့်ပါတယ် ကျွေးပါ့မယ် "
YOU ARE READING
နေခြည်
Romanceငါတို့နှစ်ယောက်ကလေ .. ကမ္ဘာမြေနဲ့ကောင်းကင်ယံကကြယ်တွေလိုပဲ မြင်တွေ့နေခွင့်ရတယ် .. ဆုံစည်းခွင့်မရဘူး။