Chapter (4)

3.9K 451 14
                                    

Unicode...

~~~~~

ဗိုက်အောင့်တယ်ပြောပြီး ဝင်သွားလိုက်ရမလား...
ခေါင်းကိုက်တယ်ပြောပြီး ဝင်ရမလား...
ဒူးခေါင်းအပြင်ကဒဏ်ရာပျောက်ပြီးတော့ အထဲက
အရိုးကိုက်ခဲနေတယ် ပြောရမလား..
ဆိုင်ကယ်ကို ခွရက်သားနဲ့ ဆေးရုံရှေ့က ကား၊ဆိုင်
ကယ်ထားရမယ့် ပါကင်နေရာမှာ ရပ်နေတာကြာ
နေပြီ။

ရူးနေတယ်ပဲပြောရမှာလား...
ကသစ်ပျို ဆိုတဲ့ ဆရာဝန်မလေးကို မိန်းကလေး
တန်မဲ့ လာချောင်းနေမိတယ်။

သူမကို စိတ်ဝင်စားနေတာလား...မဟုတ်ပါ..
စိတ်ဝင်စားနေတာထက်ကိုပိုနေတယ်။

ဘာကြောင့်မှန်းမသိ အရင်ကရှိနေတဲ့ ယုံကြည်မှု
တွေ၊ သတ္တိတွေ ပျောက်ဆုံးနေတာတော့အမှန်။
သူမ ဒီဆေးရုံမှာတာဝန်ကျနေတဲ့ ဆရာဝန်ဆိုတာ
သိလိုက်ရတဲ့နောက်ပိုင်း သူနာပြုလား လို့ မေးခဲ့
ဖူးတာကို အားနာမိတယ်။ ချုပ်ရိုးလာဖြည်တဲ့နေ့က
မှ သူမဟာ ဆရာဝန်တစ်ယောက်မှန်းသိခဲ့ရတယ်။
အံ့သြလွန်းလို့ ဆေးခန်းထဲမှာ အူကြောင်ကြောင်
ဖြစ်ခဲ့သေးတယ်။ သူရ သာအနားမှာရှိရင်.. မမ
နင် အတောင့်လိုက်သေနေပြီလား လို့မေးမှာသေချာတယ်။

ကသစ်ပျို ကို မြင်ချင်လွန်းလို့ လာချောင်းနေတာ
ရက်တစ်ပတ်ပင် ပြည့်တော့မယ်။ Duty ချိန်ကို
မသိတာကြောင့် လာချောင်းတဲ့ တစ်ပတ်လုံး သူမ
ကို မတွေ့ခဲ့ဘူး။ ညဖက်ဆိုလည်း သူမကို မြင်ချင်
နေတာပဲ သိတဲ့စိတ်ကြောင့် အိပ်မရတာကြာနေပြီ။
ဘယ်လိုမှ မနေနိူင်တာနဲ့ ဒီနေ့တော့ ဆေးရုံထဲကိုဝင်
ကြည့်ဖို့ဆုံးဖြတ်ခဲ့သည်။

အိမ်ကနေထွက်လာတဲ့အချိန်ကသာ ဝင်တွေ့မယ်
ဆိုတဲ့စိတ်နဲ့ လာခဲ့တာပါပဲ။ ဆေးရုံရောက်မှ အဲ့စိတ်
တွေ ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်မှန်းမသိ။

"အစ်မရေ ဆိုင်ကယ်ထားမယ်ဆိုရင် ဒီဖက်ကို
လာထားပါဗျ အဲ့နေရာမှာ ကားအဝင်တွေရှိလို့ဗျ"

ကားပါကင်မှာ တာဝန်ကျတဲ့ ကောင်လေး နေခြည်
ကို လာပြောနေပြီ။

"ရတယ်..မောင်လေး..မထားတော့ဘူး..
အစ်မ ပြန်တော့မှာပါ"

"ဟုတ်ကဲ့ပါဗျ..စိတ်တော့မရှိပါနဲ့နော်..
အစ်မ ဆိုင်ကယ်ရပ်ထားတဲ့နေရာမှာ
ကားတွေ အဝင်ရှိလို့ပါ"

နေခြည်Where stories live. Discover now