Chapter (20)

5.4K 389 14
                                    

Unicode...

~~~~~

ရင်ခွင်ထဲမှာ ငြိမ်သက်နေပြီး ရှိုက်သံသဲ့သဲ့လေး
နဲ့ငိုနေဆဲဖြစ်တဲ့ ချစ်သူအား တင်းကြပ်စွာပွေ့ဖက်
ထားခဲ့သည်။ နောင်တအကြီးကြီးရနေမိသလို ၊
စိတ်ထားနူးညံ့တဲ့ချစ်သူ ၊ အားငယ်တတ်တဲ့ချစ်သူ
နဲ့အပြိုင် စိတ်ဆိုးစိတ်ကောက်ခဲ့မိလို့ ကိုယ့်ကိုကိုယ်
စိတ်ဆိုးမိပါတယ်။ ဆေးရုံမှာလူနာတွေများလို့ ပင်
ပန်းနေတာတစ်ဖက်၊ ချစ်သူကိုစိတ်ဆင်းရဲအောင်
လုပ်ခဲ့မိတဲ့ နေခြည်ကြောင့် ကသစ် ငိုနေတယ်ဆိုတာ မပြောလည်းသိနေတယ်။

"ကသစ် "

"အွန်း.."

"တိတ်တော့နော်..မငိုတော့နဲ့..
မျက်လုံးတွေနာကုန်မယ်..မနက်ဖြန် အလုပ်ဆင်း
ရဦးမယ် မဟုတ်လား "

"မနက်ဖြန် ငါနားတယ် မေမေတို့ပြန်ပြီးကတည်းက
တောက်လျောက်အလုပ်ဆင်းထားတာ တစ်ရက်မှ
မနားရသေးဘူး.. "

"သြော်..."

တိတ်ဆိတ်သွားပြန်တဲ့ ချစ်သူကိုပွေ့ဖက်ထားရင်း
သူမရဲ့ဆံနွယ်အား နှုတ်ခမ်းဖြင့် ဖိကပ်၍ နမ်းရှိုက်
မိသည်။ လွမ်းနေတာဖြစ်လို့ အားဖြင့်ဖိနမ်းရင်း
တင်းကြပ်စွာ ထွေးပွေ့ထားခဲ့သည်။ အလိုက်သင့်
ဖက်တွယ်လာတဲ့ လက်လေးနှစ်ဖက်မှာ ပိုပြီးတင်း
ကြပ်လာသယောင်..

"ကသစ်.."

"အင်း.."

"စိတ်ဆိုးနေသေးလား.."

"အင်း..ဆိုးနေသေးတယ်.."

"စိတ်မဆိုးတော့နဲ့လေ..ငါအပြစ်ကိုငါသိတယ်
တကယ်တော့လေ ငါတောင်ကွဲစေတီကိုလိုက်
မတက်ဘူးဆိုတာက.."

"ရတယ်..မပြောတော့နဲ့.. ငါလည်းကလေးဆန်
မိသွားတယ် အဲ့ဒါကြောင့် ထပ်မပြောတော့နဲ့နော် "

နေခြည့် ရင်ခွင်ထဲကနေထွက်ပြီး မျက်နှာကိုစေ့စေ့
ကြည့်နေတဲ့ ကသစ်ရဲ့နဖူးထက်ဆီသို့ နှုတ်ခမ်းဖြင့်
ညင်သာစွာ ဖိကပ်မိသည်။

"သေလောက်အောင် လွမ်းတယ်.. ကသစ်ရယ် "

"ခုနကခေါ်သလို ပြန်ခေါ်ပါလား..
ငါထပ်ပြီးကြားချင်လို့ပါ "

ကသစ်စကားကိုကြားလိုက်ရတဲ့အခါ ရင်ထဲမှာ
ဘယ်လိုဖြစ်သွားမှန်းမသိ ။ ခံစားချက်ကြီးက
ဘာနဲ့မှနှိုင်းလို့မရအောင် ထူးခြားနေတယ်။ ကသစ်
အား နေခြည်အရမ်းချစ်နေတာပဲသိတယ်။ထူးဆန်းတဲ့ခံစားမှုကိုစူးစမ်းဖို့ စိတ်မကူးချင်တော့ပါ။

နေခြည်Where stories live. Discover now