Chapter (9)

3.8K 408 13
                                    

Unicode...

~~~~~

နေခြည် ပျောက်နေတာ သူ့ဖေဖေအလုပ်ကိစ္စနဲ့
သစ်ကွင်းဖက်ကိုရောက်နေခဲ့တာ သိလိုက်ရတယ်။
တောထဲတောင်ထဲမှာနေရတာဖြစ်လို့ ငှက်ဖျားမိ
လာခဲ့တာဖြစ်မယ်။သူ့ဖေဖေ ပြောတဲ့ပုံစံဆိုရင်
သူမ ဟာဘယ်လောက်အေးအေး ရေကိုတစ်ရက်
တစ်ခါချိုးတတ်တယ်၊ခြင်ထောင်နဲ့အိပ်ရင်အသက်
ရှုကြပ်တယ်.. မအိပ်တတ်ဘူးဆိုပြီး ပြောပြခဲ့တယ်။ ငှက်ဖျားဖြစ်ရင် ခန္ခာကိုယ်ကသာ ပူခြစ်နေမယ်
ဒါပေမယ့် ချမ်းစိမ့်တုန်ရင်နေတတ်ကြတာ။
အခုလည်း မျက်လုံးမဖွင့်ပေမယ့် နှုတ်ကနေ ချမ်း
တယ် လို့တတွတ်တွတ်ပြောနေခဲ့တာ။စောင်ကို
အရမ်းထူတာ မခြုံစေဘဲ ပေါ့ပေါ့ပါးပါးနဲ့ နွေးတဲ့
စောင်ကို ခြုံခိုင်းထားရတယ်။

"သမီးလေးက နေခြည် အရင်တစ်ခါ
ပြောဖူးတဲ့ ဆရာဝန်မလေးထင်တယ်
ဗိုက်အောင့်တဲ့တစ်ယောက်လေ..."

နေခြည့် ဘေးမှာ ချွေးတွေသုတ်ပေးနေတဲ့ အန်တီ
ကို ကသစ် ခေါင်းညိတ့်ပြရင်း..

"ဟုတ်တယ် အန်တီ.."

"သူပြောပြတယ်..သမီးက အဝေးကနေ
တစ်ယောက်တည်းလာနေရတာတဲ့ အဲ့ဒါ
သမီးသောက်ဖို့ ကြက်ပေါင်းစွပ်ကို ချက်ပေးပါ
ဆိုလို့ ချက်ပေးရသေးတယ်"

"နေခြည် ပြောပြတယ် အန်တီ ချက်ပေးတာတဲ့
ဗိုက်တွေအောင့်နေလို့ အန်တီ့ရဲ့ကြက်ပေါင်း
စွပ်ကို သောက်လိုက်ရတဲ့အခါ တကယ်အားဖြစ်ခဲ့
ပါတယ်.. ကျေးဇူးလည်းတင်ပါတယ်နော်"

"ရတယ် သမီး အခုလို နေခြည့်ကို
ပြန်ကြည့်ပေးနေတာပဲ ကျေးဇူးတင်နေရတာပါ"

"မဟုတ်တာ အန်တီရယ်..ဆေးရုံရောက်လာရင်
သမီးမှမဟုတ်ပါဘူး ဆေးရုံမှာတာဝန်ကျတဲ့
ကျန်းမာရေးဝန်ထမ်းအားလုံးမှာ တာဝန်ရှိကြတာ
ကြည့်ပေးရမှာပေါ့"

"ဒါတော့..ဒါပေါ့ သမီးရယ်..
နေခြည့်ကို တစ်ညလုံးကြည့်ပေးနေတာလေ
အဲ့ဒါကြောင့်ပိုပြီး ကျေးဇူးတင်ပါတယ်"

"ဟုတ်ကဲ့ပါ.. အန်တီ.."

ချွေးတွေထွက်နေပြီး တအင်းအင်းညဥ်းနေတဲ့
နေခြည့်ကို ကြည့်ရင်း စိတ်ထဲနေရတာ အဆင်
ပြေမနေဘူး။မြင်တဲ့အခါတိုင်း တက်တက်ကြွကြွ
ရှိနေတဲ့ သူမ အခုတော့ကုတင်ပေါ်မှာ အဖျားကြီး
ပြီး ညဥ်းနေလိုက်တာ။ သူမကို မြင်ဖူးတာမကြာသေးပေမယ့် ကသစ်ရဲ့ သူငယ်ချင်းအရင်းတွေလို ခင်နေမိတာ။

နေခြည်Where stories live. Discover now