Chapter (17)

4K 374 12
                                    

Unicode...

~~~~~

လက်မှာပတ်ထားတဲ့ လက်ကောက်အချို့ကိုချွတ်
လိုက်တယ်။ အနက်ရောင်နဲ့အဖြူရောင်အလုံးတွေ
ပါသော လက်ပတ်တစ်ကွင်းအား ညာဘက်လက်
တွင်ချန်ထားခဲ့သည်။ဘယ်ဘက်လက်တွင်ပတ်ထား
သော နာရီအားကြည့်၍ ရင်တွေခုန်နေမိတယ်။
ကသစ်ရဲ့မိဘနဲ့ညီမရောက်နေပြီဆိုတာ ကသစ်
ဖုန်းဆက်လာလို့ သိခဲ့တယ်။လာမယ်ဆိုတာသိထား
ပေမယ့် အဲ့လောက်ထိမြန်လိမ့်မယ်လို့ မထင်ခဲ့ပါ။
ကသစ်အိမ်မှာသွားအိပ်ပြီးနောက်တစ်ရက်မှာပဲ
ရောက်လာကြတာ။ ရောက်ခါစရက်မှာ နေခြည်
ချက်ချင်းသွားမတွေ့ရဲခဲ့။ ဒီနေ့တော့ မလာလို့မရ
ဘူးဆိုပြီး ကသစ် ဖုန်းဆက်ပြောပြလာတယ်။
သူ့မိဘနဲ့ညီမကို လွိုင်ကော်အနီးအနားမှာရှိတဲ့မြို့၊
ရွာတွေဘက် အလည်ပို့ချင်တယ် ဆိုပြီးလှမ်းခေါ်
ခဲ့တာ။ လိုက်ပို့နေတုန်း ချစ်သူတွေလို့ မိတ်ဆက်
ပေးတဲ့အခါ မိဘနှစ်ယောက် နေခြည့်ကို အမြင်
မကြည်တော့မှာစိုးရသည်။ သုံးလေးကွင်းထပ်ဝတ်
ထားတဲ့ လက်ပတ်တွေကို မျက်စိနှောက်မှာစိုးလို့
တစ်ကွင်းသာ လက်၌ချန်ထားခြင်းဖြစ်တယ်။

"မမ..သွားရအောင်လေဟာ.."

အနားရောက်လာတဲ့ နေသူရမှာ အဝတ်အစားတွေ
လဲပြီးလို့ အဆင်သင့်ဖြစ်နေပြီ။ နေခြည် သစ်ကွင်း
ဘက်ကနေပြန်လာတာမကြာသေးတာဖြစ်လို့ ကား
သိပ်မမောင်းချင်သေးတာနဲ့ နေသူရကိုအဖော်ခေါ်ပြီးမောင်းခိုင်းရသည်။

"ငါလည်း ပြီးနေပါပြီ..လာသွားရအောင်"

"ဖေဖေ့ကားပဲယူသွားရမှာလား.."

"ဖေဖေ့ကားပဲယူရမှာပေါ့ လူများတော့
Alphard နဲ့ပဲဆန့်မှာ"

"အေးအေး.."

ကားပေါ်ရောက်တဲ့အခါ နေသူရ မှာ နေခြည့်ကို
ကြည့်ပြီး ရယ်နေတယ်။

"ဟင်း..ဟင်း..မမ နင်ကြောက်နေတာလား
ပုံစံကြီးက ခါတိုင်းမြင်နေတဲ့ နေခြည်ရွှန်းလဲ့ နဲ့
တစ်စက်ကလေးမှ မတူဘူးနော်"

"အဲ့လိုဖြစ်နေတာလား..ငါ့အတွက် ရင်ခုန်စိတ်လှုပ်
ရှားနေတယ်ဆိုတာဝန်ခံပါတယ်..ဘာကြောင့်လဲ
ဆိုတော့.. ကသစ်နဲ့ငါချစ်သူတွေလို့ အသိပေးလာခဲ့
ရင်..သူ့မိဘတွေငါ့ကိုဘယ်လိုသဘောထားမလဲ..
သဘောမတူနိုင်ဘူး ပြောမှာလား..ဒါမှမဟုတ်
သဘောကျနေမလား..အဲ့ဒါလေးသိချင်တာပါ"

နေခြည်Where stories live. Discover now