Unicode...
~~~~~
"ဟုတ်ကဲ့...အခုလိုပြောပြပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် သွန်းဆက်ချို""ရပါတယ် မမနေခြည်
အခုလိုဖုန်းဆက်ပြီး မေးလာတာကိုပဲ
သွန်းဆက် ဖက်ကပြန်ပြီးကျေးဇူးတင်ပါတယ်..
ဖြစ်ခဲ့တဲ့အရာအားလုံးမှာ သွန်းဆက်ရဲ့ပရောဂလည်းမကင်းခဲ့တာမလို့ မမနေခြည် ခွင့်လွှတ်ပါနော်""အမှန်အတိုင်းပြောရရင် သွန်းဆက်ချိုကို
မမ စိတ်ဆိုးခဲ့တယ်ဆိုတာ ၀န်ခံပါတယ်
ဒါပေမဲ့ ပြီးခဲ့ပြီပဲလေ..မမဖက်ကလည်း
သွန်းဆက်ဆီကဖုန်းကိုလက်မခံဘဲ Blacklist
ထဲအချိန်အကြာကြီးထည့်ထားမိခဲ့လို့
စိတ်မဆိုးနဲ့နော်""အို..မဆိုးပါဘူး မမနေခြည်ရာ
ရပါတယ်..ကဲပါ သွန်းဆက်နဲ့စကားပြောတာ
အချိန်ကုန်ပါတယ် မမကသစ်ဆီသွားမှာမလား
သွားတော့လေနော် ဆောင်းတွင်းကြီးရောက်နေပြီ
အပြင်မှာပဲ နေမနေနဲ့ ညဖက်ကြီးနော် ""အင်း ချမ်းတော့ချမ်းတာပေါ့
အဲ့ဆိုရင် မမ ဖုန်းချလိုက်မယ်နော်
ပြီးတော့ ကသစ်နေတဲ့နေရာကိုရောက်နေပြီ""ရောက်နေပြီလား ညီမကမရောက်သေးဘူး
မှတ်နေတာ...ဟုတ်ပါပြီ မမနေခြည်ရေ..
မမကသစ်နဲ့တွေ့လိုက်ပါဦးနော်..
တစ်ယောက်နဲ့တစ်ယောက် နင့်ကြောင့်
ငါ့ကြောင့်ဆိုပြီး အငြင်းပွားမနေကြနဲ့ဦး
တော်ကြာ ရန်ဖြစ်နေကြမယ်""အဟင်း..စိတ်ချပါ သွန်းဆက်ရယ်
ကသစ်နဲ့ရန်မဖြစ်စေရဘူး ကတိပေးတယ်""ဟုတ်ပါပြီရှင်..အဲ့လိုဆိုရင် ဒါပဲလေနော်
ညီမ ဖုန်းချလိုက်တော့မယ်""နောက်မှ ထပ်ပြောတော့မယ်
Bye""Bye ပါ မမ"
သွန်းဆက်ချိုနဲ့ဖုန်းပြောပြီးတဲ့အခါ ကသစ်ရဲ့အိမ်ခန်းဆီ ဆက်လျှောက်လာခဲ့သည်။ ကသစ်အိမ်
မရောက်ခင်မှာ ကသစ်နဲ့မတွေ့ခင် သွန်းဆက်ချိုဆီ
အကျိုးအကြောင်းသိရအောင် ဖုန်းဆက်မေးခဲ့တယ်။ဖြစ်ပျက်သမျှအရာအားလုံးကိုသိလိုက်ရတဲ့အခါကသစ်အတွက်တော့ စိတ်မကောင်းဖြစ်ခဲ့မိတယ်။
သူကိုယ်တိုင်အကြောင်းစုံရှင်းပြလို့ရပါရက်နဲ့တစ်
ယောက်တည်း ကျိတ်ခံစားခဲ့ပြီး နေဇင်ကိုကိုအား
လက်ထပ်ခဲ့သည်။ ထားပါတော့လေ ပြန်ပြောနေရင်
အချိန်ကုန်တာပဲ အဖတ်တင်မယ်။
အခုချိန်မှာ နေခြည့်အတွက် ကသစ်ပျိုကိုပဲလိုအပ်
တယ်။ သူ့ရဲ့အချစ်တွေကို ပြန်လိုချင်တယ်။နူးညံ့
တဲ့နှုတ်ခမ်းလေးအား မက်မက်မောမော နမ်းရှိုက်
ချင်တယ်။ယောက်ျားတစ်ယောက်ရဲ့ရင်ခွင်လိုမ
ကျယ်ပြန့်ပေမယ့် နေခြည့်ရင်ခွင်ဟာ ကသစ်အတွက် နွေးထွေးမှု ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
YOU ARE READING
နေခြည်
Romanceငါတို့နှစ်ယောက်ကလေ .. ကမ္ဘာမြေနဲ့ကောင်းကင်ယံကကြယ်တွေလိုပဲ မြင်တွေ့နေခွင့်ရတယ် .. ဆုံစည်းခွင့်မရဘူး။