Chapter (12)

3.8K 410 16
                                    

Unicode...

~~~~~

သူမ စိတ်ဆိုးချင်ဆိုးပါစေ..
သူမရဲဲ့ချစ်သူ သူမအနားမှာရှိနေမယ်ဆိုရင်လည်း ကသစ်ရဲ့သူငယ်ချင်းပါလို့ ပြောပြီး မိတ်ဆက်ဖို့ ဆုံးဖြတ်ထားခဲ့တယ်။ကသစ်ပျို အားတွေ့ချင်တာ တစ်ခုပဲသိတာမလို့ ဆိုင်ကယ်ကိုအရှိန်တင်ပြီး သူမရှိနေတဲ့ဆေးရုံအိမ်လေးဆီလာခဲ့သည်။

ဂိတ်ပေါက်ဝကိုရောက်တဲ့အခါ လူတစ်ယောက်
ထွက်လာ၍ ဟန့်တားလာသည်။

"ဟိုး..ဟိုး..ဘယ်ကိုသွားမလို့လဲဗျ..
ဂိတ်ပိတ်ထားတယ်"

"ဒေါက်တာ ကသစ်ပျို ရဲ့သူငယ်ချင်းပါ
ဒီကိုလာနေကျပဲလေ.."

"ဒီဆိုင်ကယ်ကြီးကို ကျွန်တော် မြင်ဖူးပါတယ်
ဒါပေမဲ့ အစ်မရယ်..နောက်ကျနေပြီ"

နေခြည် အကျီအိတ်ကပ်ထဲက ပိုက်ဆံတစ်ရွက်
ကိုထုတ်ပြီး ဂိတ်စောင့်ကို ကမ်းပေးခဲ့သည်။

"အရေးကြီးလို့ပါ..ရော့..ဒါလေးယူထားနော်
စိတ်မရှိပါနဲ့"

"ဟာဗျာ အစ်မကလဲ"

"ယူပါ..အစ်မ အရေးကြီးနေလို့"

"ဟုတ်ပါပြီဗျာ"

ညနက်နေပြီဖြစ်တာကြောင့် ဂိတ်စောင့်တဲ့လူငယ်ကို ကွမ်းဖိုး၊ဆေးလိပ်ဖိုး ပေးပြီး ဂိတ်ကိုအတင်းဖွင့်ခိုင်း
လိုက်တယ်။ ဆိုင်ကယ်ကို ကသစ်နေတဲ့ အိမ်နားမရောက်ခင် Clack ဖမ်းကာ စက်ကိုပိတ်ပြီးအရှိန်နဲ့
သာ စီးခဲ့တယ်။Gear Free ဖြစ်သွားတာဖြစ်လို့
ဘီးလှိမ့်သံကိုသာ ကြားနေရသည်။ ကသစ် အိမ်ရှေ့
ရောက်တဲ့အခါ ဆိုင်ကယ်ဒေါက်ကိုအသာလေးထောက်ပြီး တံခါးမကြီးအနား အပြေးလာခဲ့မိတယ်။

"ဒေါက်..ဒေါက်.."

အထဲကလှုပ်ရှားသံကြားလိုက်ရတာဖြစ်လို့ တံခါး
ကိုဆက်မခေါက်တော့ဘဲ ရပ်စောင့်နေခဲ့သည်။

"မေ..လား..ခဏလေးနော်.."

ဒေါက်တာမေချမ်းပြည့် လာတယ်လို့ထင်နေပုံရတယ်။ ကသစ် တံခါးနားလျှောက်လာတဲ့ခြေသံနီး
လာလေလေ နေခြည့်ရင်ခုန်သံတွေ မြန်လာလေလေပါပဲ။

"ထောက်.."

တံခါးပေါက် လေးပွင့်လာခဲ့တယ်...။
နေခြည့်ကိုမြင်ပြီး မျက်လုံးဝိုင်းလေးနဲ့အံသြနေတဲ့
ကသစ်ပျို..

နေခြည်Where stories live. Discover now