Chapter (27)

3.9K 416 45
                                    

Unicode...

~~~~~

မျှော်လင့်ချက် မပါဘဲ
အဝေးက ချစ်ပေးတာဟာ
လူတစ်ယောက်ကို မချစ်တော့လို့
မမြတ်နိုးတော့လို့ မဟုတ်ပါဘူး ။

~~~~~

"နေခြည်..."

"နေခြည်..အမလေး..အိပ်ပျော်နေလိုက်တာ
ငါ့အမေတော့ခါးတွေကျိုးကုန်တော့မှာပဲ"

"ဟဲ့..နေခြည်..နင်အခုထစမ်း ...သမီး"

"မေမေလား...ထပြီ..ထပြီ"

နားထဲမှာ မေမေ့ရဲ့အော်သံလိုလိုကြားမိလို့ အိပ်ပျော်နေရာကနေ ငေါက်ခနဲထထိုင်ခဲ့တယ်။ ပီးကိုငုံ့ကြည့်တဲ့အခါ တရှုးရှုးနဲ့အိပ်မောကျနေရှာတယ်။

"နင်ကတော့လေ ပီး နေမကောင်းဖြစ်နေတာကို
Dream Bed ပေါ်မှာသပ်သပ်မအိပ်ဘူး
ကုတင်ပေါ်တက်ပြီး ဖက်အိပ်စရာလား
ပီးကတစ်ကိုယ်လုံးကိုက်ခဲနေတာလေ"

နိုးနိုးချင်း နေခြည့်ကိုရွတ်ဖတ်နေတဲ့ မေမေရဲ့တရား
တွေကိုဆေးရုံအထိ နာနေရပြန်ပြီ။

"မေမေရာ..သမီးနေ့လည်ကပင်ပန်းထားတာလေ
ပြီးတော့ပြန်ရောက်တာနဲ့မနားရဘူး ဖေဖေသွားခိုင်း
တဲ့နေရာကိုသွားရပြန်တယ်..ဆေးရုံကိုလာပြီး ပီးကိုလည်းနှိပ်ပေးရတယ်လေ..အဲ့ဒါနဲ့သမီးကအိပ်ပျော်
သွားတာပါ"

"နင်ပင်ပန်းလည်း ပီးနဲ့အိပ်စရာလား နေခြည်"

"ဟာ..မေမေကလည်း ပွစိပွစိနဲ့နားညီးတယ်"

ကုတင်အောက်ကိုဆင်းဖို့ပြင်တဲ့အခါမှ ကိုယ်ပေါ်
လွမ်းခြုံထားတာ အင်္ကျီတစ်ထည်က အောက်သို့
လျောကျသွားသည်။

"ဘုတ်"

"ဟင်.."

ကုတင်အောက်ကိုဆင်း၍ အင်္ကျီကိုကောက်ယူကြည့်
လိုက်တဲ့အခါ အသားရောင်ကုတ်အင်္ကျီတစ်ထည်ဖြစ်နေသည်။ ဘယ်သူ့အင်္ကျီလဲဆိုတာ သိနေတယ်။
အင်္ကျီကနေရတဲ့ Portraits PENCHLIGON's
ကထုတ်တဲ့ DUCHESS ROSE နံ့သင်းသင်းလေးကို ရနေတာကြောင့် အာရုံထဲမှာ ကသစ်ပျိုဆိုသော
မိန်းကလေးရဲ့မျက်နှာအား အလိုလိုမြင်ယောင်လာ
ခဲ့တယ်။
နေခြည်အိပ်ပျော်နေတဲ့အချိန် ကသစ် ရောက်လာခဲ့
တာဖြစ်မည်။ထုံးစံအတိုင်း ဆေးရုံမှာ Night Duty
ကျလို့ ပီးကိုလာကြည့်ပေးပုံရတယ်။

နေခြည်Where stories live. Discover now