Chapter (15)

3.9K 414 28
                                    

Unicode...

~~~~~

ချစ်သူတွေဖြစ်သွားခဲ့ကြလို့ တစ်ယောက်နဲ့တစ်
ယောက် တွေ့ချိန်ပိုများလာကြမယ်လို့ ထင်ကောင်း
ထင်နေကြလိမ့်မယ်။ လုံးဝမဟုတ်ပါ။
နေခြည်နဲ့ကသစ်ပျို တို့နှစ်ဦးမှာ ချစ်သူတွေဖြစ်သွား
ကြပြီးတဲ့နောက်မှာ အလုပ်ကိုယ်စီဖြစ်နေခဲ့တာ
ကြောင့် အရင်ကထက် တွေ့ချိန်တွေ နည်းသွားခဲ့ကြ
သည်။ နေခြည် အတွက်ကျတော့ ဖေဖေ့အလုပ်တွေ
အရင်ကထက်ပိုလုပ်နေရသလို ကသစ်မှာလည်း
ဆေးရုံထဲကနေ အပြင်ကို ထွက်ရတဲ့အချိန်မရှိသလောက် ရှားသွားခဲ့တယ်။ တစ်ယောက်အားတဲ့
အချိန်ဆိုရင် ကျန်တဲ့တစ်ယောက် မှာမအားဘဲဖြစ်
နေခဲ့တာကြောင့် တွေ့ဆုံရန်ချိန်းလိုက်ကြတဲ့အချိန်
တိုင်း လွဲခဲ့ရသည်။ ထိုအချိန်မျိုးမှာ တစ်ဦးနဲ့တစ်ဦး
စိတ်ဆိုး စိတ်ကောက်ခြင်းမျိုး လုံးဝမရှိခဲ့ကြပေ။
နားလည်ပေးခဲ့ကြတယ်။ ချစ်နေကြတာမလို့ ပိုပြီး
နားလည်မှုတွေ ပေးထားခဲ့ကြတယ်။ အရမ်းလှသလို
ဆေးပညာပိုင်းမှာတော်တဲ့ ဒေါက်တာကသစ်ပျိုဟာ
သူမရဲ့နံဘေးမှာ လူပျိုဆရာဝန်နဲ့စစ်ဗိုလ်တွေ ဝိုင်း
ဝိုင်းလည်နေတာ နေခြည်သိထားတယ်။ ထိုသို့သိ
ထားရခြင်းမှာ ကသစ်ပျို ကိုယ်တိုင်ပြောပြထားခြင်း
ဖြစ်တယ်။

နေခြည် သဝန်မတိုဘူးလား...မဟုတ်ပါ...
လုံးဝကို သဝန်တိုတာပါ။ ကိုယ်ချစ်ရတဲ့မိန်းမလှလေးအနားမှာ ပုရိသယောကျ်ားတွေ ဝိုင်းဝိုင်းလည်
နေတာ သူမရဲ့ချစ်သူဖြစ်တဲ့ နေခြည် သိပ်ကိုသဝန်
တိုခဲ့မိတယ်။

ဒီနေ့တော့ နေခြည် အလုပ်ကနေပြန် လွိုင်ကော်
လာခဲ့ပြီ။ မိုးတွေအရမ်းရွာတာဖြစ်လို့ ချောင်းရေလျှံ
လာခဲ့တယ်။ သစ်ကွင်းထဲ ရေတွေမရောက်ခင် ရွေ့
သင့်တဲ့သစ်လုံးတွေ၊ ဆင်တွေ ၊ လုပ်ငန်းသုံးစက်
တွေနဲ့ သစ်လုံးတင်ကားတွေ အကုန်ရွေ့ထားခဲ့ရ
သည်။ရေကြီးလာမှမှရွေ့လျှင် မမှီနိုင်တာဖြစ်လို့
အခုကတည်းက အချိန်မှီရွေ့ထားခဲ့သည်။ အားလုံး
ပြီးသွားတဲ့အခါကျမှ လွိုင်ကော်သို့ ပြန်လာခဲ့သည်။
မိုးနည်းသွားတဲ့အချိန်ရောက်မှ လုပ်ငန်းပြန်စကြမှာ
မလို့ လုပ်ငန်းကို အကန့်အသတ်မရှိရပ်နားလိုက်
ကြတယ်။ မတွေ့ရတာ ကြာနေပြီဖြစ်တဲ့ ချစ်သူ
လေးကို သွားတွေ့ချင်နေပြီ။ နေခြည်ပြန်လာတာ
သူမအား အသိမပေးထားခဲ့ပေ။ နေခြည့်ကိုရုတ်တ
ရက်မြင်သွားပြီး အံ့သြစေချင်လို့တမင် မပြောပြ
ထားခြင်း ဖြစ်တယ်။

နေခြည်Where stories live. Discover now