Chapter (30)

4.4K 437 18
                                    

Unicode..

~~~~~

နင်သိိလား...နေခြည်...

နှလုံးသားလှတဲ့သူက
အရာရာကို နားလည်ပေးတတ်တယ်။

အချစ်ကြီးတဲ့သူက
အရာရာကို အရှုံးပေးတတ်ကြတယ်။

အနိုင်လိုတဲ့သူက
အရာရာကို ဆုံးရှုံးရတတ်တယ်။

အငြိုးကြီးတဲ့သူက
အမုန်းတွေကိုပိုင်ဆိုင်ရတတ်တယ်။

အတ္တကြီးတဲ့သူက
အထီးကျန်တတ်ကြတယ်။

မာနကြီးသူက
နောင်တတွေနဲ့အဆုံးသတ်ရတယ်တဲ့...

ငါ့ရဲ့အငြိုးတွေက နေဇင်ကိုကိုဆီမှာပဲရှိခဲ့တာပါ
နေခြည်ရယ်...။
ဘာကြောင့်များ ငါ့ရဲ့အငြိုးတွေက နင့်ရဲ့အမုန်း
တွေကိုပဲ ပိုင်ဆိုင်ခဲ့ရတာလဲ...
ငါ နောင်တ တွေနဲ့အဆုံးမသတ်ချင်ဘူး နေခြည်...
ဘာကြောင့်လဲဆိုတော့...

ငါနင့်ကိုသိပ်ချစ်တယ်....။

~~~~~

စင်အောက်မှာရှိနေတဲ့ဧည်သည်တွေနဲ့ကသစ်ဖက်
ကဆွေမျိုးတွေ၊နေဇင်ကိိုကိုဖက်က အသိုင်းအ၀ိုင်း
တွေမှာ အထူးအဆန်းတစ်ခုလိုဖြစ်ပျက်နေတဲ့ ကသစ်နဲ့နေခြည်တို့အား အံ့သြကြီးစွာနဲ့ စောင့်ကြည့်နေကြသည်။ ထိုလူတွေရဲ့စူးစမ်းတဲ့မျက်၀န်းတွေအားဂရုမမူနိုင်တော့ဘဲ အော်ဟစ်သောင်းကျန်းနေတဲ့နေခြည့် အတွက်သာစိုးရိမ်နေမိသည်။
နေခြည့်အား ထိခိုက်သွားမှာကိုမလိုလား...
အထင်သေးသလို ကြည့်နေတဲ့မျက်လုံးပေါင်း
မြှောက်များစွာကို ဖောက်ထုတ်ပစ်ချင်သည်။

"Fuck You...ကသစ်ပျို...
I Hate You..
I Hate You..."

နေခြည့်စကားကြောင့် ရင်ဘတ်ထဲမှာနင့်ခနဲခံစား
သွားခဲ့သည်။ မုန်းတယ်ဆိုတဲ့စကားမှာ နားထဲသံရည်ပူလောင်းထည့်သလိုမျိုး နာကျင်ပူလောင်လွန်း
လှပါတယ်။

I Hate You ဆိုတဲ့စကားထက် I love You
စကားကိုသာ ကြားချင်မိတာပါ။

တရွေ့ရွေ့နဲ့ ခန်းမအပြင်ကိုရောက်သွားတဲ့ နေခြည်..
သူမကိုမမြင်ရတော့ပေမယ့် I Hate You ဆိုပြီး
နာနာကျည်းကျည်းအော်ပြောသွားတဲ့အသံကို ကြား
နေရဆဲ....

နေခြည်Where stories live. Discover now