Chapter (1)

9.1K 596 69
                                    

Unicode...

~~~~~

"နေခြည်....."

"ဒုန်း.....ဒုန်း...."

"နေခြည်ရွှန်းလဲ့...."

"ဟမ်...ဘာလဲ "

မေမေ့ အော်သံကြောင့် လေးပင်တဲ့မျက်ခွံတွေကိုမနည်းဖွင့်ရင်း စောင်ပုံကြားကနေ အလူးအလဲထလိုက်တယ်။

"၀ါး..."

ရှိသမျှအကြောတွေကိုဆန့်ထုတ်ပြီး တစ်ချက်သမ်းဝေနေလိုက်သေးတယ်။

"ဒုန်း..."

"နေခြည်..."

"ရှန်..မေမေ"

"နင်မထသေးဘူးလား နေခြည် ..သွားစရာရှိတယ်လေ
အောက်မှာ ဖေဖေနဲ့နင့်မောင်လေးစောင့်နေပြီ
ထတော့...ပြင်စရာ ရှိတာပြင်ဆင်ပြီး အိမ်အောက်ကို
ဆင်းလာခဲ့...ကြားလား"

"ဟုတ်... ကြားတယ်မေမေ
လာခဲ့မယ်..သမီး မေ့နေလို့ပါ"

"ပြောလိုက်ရင်အဲ့လိုပဲ.. မနက်ထရင်
မေ့လို့.. ခေါင်းကိုက်လို့.. ဗိုက်နာလို့နဲ့
တစ်ရက်မှ စောစောထတယ်လို့ကိုမရှိဘူး"

ရွတ်ဖတ်ပြီးအိမ်အောက်ကိုပြန်ဆင်းသွားတဲ့မေမေ့ ရဲ့ တရားတွေကို နေခြည် မနက်တိုင်းနားထောင်နေကျဖြစ်သည်။အိပ်ရာကနေအမြန်ထပြီး လုပ်စရာရှိတာတွေ
အမြန်လုပ်ကာ နီညိုရောင် မြန်မာ၀တ်စုံလေးတစ်စုံကို
၀တ်လိုက်သည်။ မြန်မာဆန်တဲ့အ၀တ်အစားတွေကို နေခြည် သိပ်ပြီး၀တ်လေ့၀တ်ထမရှိ။လွတ်လပ်ပေါ့ပါး
သည့် ဘောင်းဘီ အင်္ကျီတွေကိုသာ၀တ်ဆင်တတ်လို့ မိန်းကလေးဆန်တဲ့အ၀တ်အစားတွေဆိုရင် ဗီဒိုထဲမှာလက်ချိုးရေလို့တောင်ရသည်။အခု၀တ်တဲ့၀တ်စုံမှာလည်း မေမေဇွတ်အတင်း၀ယ်ပေးပြီး စက်ချုပ်ဆိုင်ခေါ်သွားကာ မ၀တ်ရင်သတ်ပစ်တော့မယ့် မျက်နှာနဲ့အော်ဟောက်၍ ချုပ်ပေးခဲ့လို့၀တ်နေရခြင်းသာဖြစ်သည်။
မ၀တ်လို့လည်းမရချေ။ အခုသွားမယ့်နေရာက ဖေဖေနဲ့မေမေ လှူထားတဲ့ ဘုန်းကြီးကျောင်းက သိမ်ရေစက်ချပွဲကိုသွားရမှာဖြစ်သည်။ ကျောင်းထိုင်ဘုန်းတော်ကြီးကိုပါတစ်ခါတည်းရဟန်းသိက္ခာထပ်ပေးမှာဖြစ်လို့ နေခြည့် ကို ဘောင်းဘီတကားကားနဲ့ မမြင်ချင်ဘူးတဲ့လေ။ မေမေ ချုပ်ပေးတဲ့၀တ်စုံလေးနဲ့လည်းနေခြည် လိုက်ဖက်တယ်လို့ မှတ်ချက်ပေးရင်းမှန်ထဲမှာပေါ်နေတဲ့ကိုယ်ပုံရိပ်လေးကို ကြည့်ပြီး ပြုံးလိုက်မိသေးတယ်။ မျက်နှာမှာလိုအပ်တဲ့ Skin care တွေလိမ်းပြီးတဲ့အခါ အမြဲတမ်းချထားလေ့ရှိတဲ့ ဆံပင်တွေကို ခေါင်းစည်းကြိုးယူပြီး ခပ်မြင့်မြင့်စုစည်း၍ချည်လိုက်သည်။မှန်တင်ခုံရှေ့မှာတင်ထားတဲ့ ဖုန်းကိုကောက်ယူပြီး အောက်ထပ်ကို ပြေးဆင်းသွားခဲ့သည်။သိမ်၀င်နေတဲ့ ဆရာတော်ကြီး သိမ်ဆင်းလာမဲ့အချိန်မှာ မနက် (၉ )နာရီဖြစ်တာမလို့ နေခြည့် ကိုစောင့်ရတဲ့ ဖေဖေ နဲ့မေမေ အော်တာကိုခံရဦးမည်။ဘာကြောင့်လဲဆိုတော့ နေခြည် အောက်ကိုဆင်းလာတဲ့အချိန်မှာ(၈း၃၀)နာရီ ရှိပြီမဟုတ်ပါလား။ အိမ်အောက်ထပ်ရောက်တာနဲ့ဧည့်ခန်းမှာ နေခြည့် ကိုစောင့်နေကြတဲ့ဖေဖေ ၊မေမေ နဲ့မောင်လေး တို့သုံးယောက်စလုံး မျက်
မှောင်ကြုတ်ပြီး ကြည့်လာကြတယ်။

နေခြည်Where stories live. Discover now