Chapter (7)

3.8K 424 20
                                    

Unicode...

~~~~~

ကြိုးတွေအများကြီးပါတဲ့ ဖိနပ်ကိုဝယ်မိခဲ့လို့
နောင်တရမိတာ ဒီတစ်ကြိမ်ပဲရှိတယ်။ ဖိနပ်လျှော်
တဲ့အခါကြိုးတွေကိုပါဖြုတ်လျှော်တတ်တာမလို့ အရေးတကြီး သွားစရာနေရာပေါ်လာရင် အလုပ်ရှုပ်ပြီ။ကြိုးပေါက်ထဲ ဖိနပ်ကြိုးကိုထည့်နေရတာ ဒီတစ်
ခါအကြာဆုံးလို့ထင်နေမိတာ

"နေခြည်.. နင့်မျက်နှာကြီးဘာဖြစ်နေတာလဲ
ပုပ်သိုးအိုစာနေတာပဲဟယ်"

အရေးကြီးပါတယ်ဆိုမှ ဘယ်ချောင်ကနေရောက်
လာမှန်းမသိတဲ့ နန္ဒာစိုး...

သူမပုံစံက စတိုင်လ်အပြည့်နဲ့ သွားစရာနေရာရှိ
လို့ ရွိုင်းလာတဲ့ပုံစံမျိုး။သိုးမွှေးအကျီဝတ်ထားပြီး
မာဖလာတွေပတ်ထားလို့

"ဘာလဲ.. ငါ့ရုပ်ကိုသေချာကြည့်.. နန္ဒာ
ပုပ်သိုးအိုစာစရာလား.. ဒီလောက်ဖလန်းဖလန်း
ထနေတဲ့ ရူပါချောချောလေးကို နင့်မလို့
ပြောရက်လေခြင်း"

"စတာပါ နေခြည်ရာ..
ဒါနဲ့နင်ဘယ်သွားမလို့လဲ..
စတိုင်လ်တွေလန်းနေတာ.."

"ငါ့ကိုမမေးနဲ့ နင်ကရော..ဘယ်သွားမလို့လဲ"

"ပိတ်ပွဲလေ သွားလည်မလို့"

"အမလေးဟယ်..အကြံတူတာနဲ့လာတိုးနေတယ်"

"ဟီး..ဟီး..ငါ့ကို သူရ ခေါ်တာ
နင့်ကိုပြောတာမရလို့တဲ့ အဲ့ဒါငါ့ကို
ခေါ်တယ်..သူရဲ့ ကမ်းလှမ်းချက်ကြောင့်လာတာ"

"ဖူးဖူး ကိစ္စမလား"

"ဟုတ်တယ်.."

Adidas ဖိနပ်ကြိုးကို ပြီးအောင်ချည်ပြီး မတ်တပ်
ထရပ်လိုက်တယ်။

"သူအိမ်ထဲမှာရှိနေတယ်..ငါ့ကိုသူခေါ်ပေမယ့်
သူ့ထက်အရင်ဦးသွားတဲ့သူရှိလို့.. ဟဲ..ဟဲ"

"ရုပ်ကိုက ဖြီးနေတာ.."

"ပျော်နေတာလေ..ဒေါက်တာက
ငါနဲ့ပွဲလည်ချင်သေးတယ်ဆိုလို့..
အဲ့ဒါ...သွားတော့မယ်"

"သွားလေ..Show ပွဲမှာဆုံမယ်"

"Show မကြည့်တော့ဘူး ဒေါက်တာက
ပွဲခင်းထဲလျှောက်ကြည့်ချင်တယ်ပြောလို့လေ
ပြီးတော့.. "

နေခြည်Where stories live. Discover now