Chapter (28)

5.2K 455 24
                                    

Unicode...

~~~~~

ဘယ်အရာနဲ့ပဲ ယှဉ်ယှဉ်..
ဘယ်သူနဲ့ပဲယှဉ်ယှဉ်
ကိုယ့်ကို ဘယ်တော့မှ လွှတ်မချခဲ့မယ့်
လက်မျိုးကိုပဲဆွဲပြီး

မုန်တိုင်းထဲကအစ
သက်တန့်ကြီးအောက်အဆုံး
မိုးစက်တွေကြား..
နှင်းပွင့်တွေကြား..
ပန်းခင်းတွေကြား

နောက်...
မလိုသူတွေကြားမှာ
တွဲပြီးလျှောက်ချင်ပါတယ်

~~~~~

သမီးလေးနဲ့သမီးလေးရဲ့အဖေရောက်တယ်ဆိုပြီး
အပြေးတစ်ပိုင်းထွက်သွားတဲ့ ကသစ်ရဲ့နောက်ကို
လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။အစကတော့
လိုက်သွားဖို့ဆန္ဒမရှိခဲ့။ နန္ဒာပြောတဲ့ပုံစံနဲ့ဆိုရင်
ငါးလအတွင်း နေခြည်မသိတာတွေအများကြီးရှိ
နေလိမ့်မည်။

"နန္ဒာ"

"ပြော...နေခြည်"

"ငါ.."

နန္ဒာ စိတ်မရှည်သလို မျက်မှောင်ကြုတ်၍

"ပြောလေဟာ..ဘာပြောမှာလဲ"

"ကသစ်.."

ကသစ်နာမည်ကြားတာနဲ့ နန္ဒာ ခေါင်းညိတ့်ပြီး
ရယ်နေပြန်တယ်။

"သွား..သွား..လိုက်သွား.."

"သွားပြီ..ပီးကိုခဏကြည့်ပေး.."

"ပီးကိုသေချာကြည့်ပေးပါ့မယ်..
စိတ်ချပါ နေခြည်"

အခန်းအပြင်ဖက်ကိုအပြေးတစ်ပိုင်းထွက်ရင်း
ကသစ်ရှိတတ်တဲ့နေရာတွေ လိုက်ရှာခဲ့တယ်။
တော်တော််နဲ့ရှာလို့မတွေ့။ဆေးရုံ၀န်းကကျယ်တာမလို့လမ်းလျောက်ရတာ ညောင်းနေပြီ။ဖုန်းကိုလည်း
မဆက်ချင်။လူနာကြည့်နေရင် အနှောင့်အယှက်ဖြစ်မှာလည်းစိုးသည်။

ကလေးနဲ့အဖေရောက်နေတယ်ဆိုတဲ့စကားကြောင့်ပြင်ပလူနာဆောင်ရှိရာကိုသာ လာခဲ့သည်။ထိုနေရာမှာမရှိရင် ဆေးခန်းမှာရှိချင်ရှိနေမှာ။ ပြင်ပလူနာဆောင်နဲ့ဆေးခန်းက နေရာနီးတယ်။ထို့ကြောင့်ပြင်ပ
လူနာဆောင်ဖက်ကိုထွက်လာခဲ့သည်။

"အိုး...သမီးလေး...
အိပ်နေတာလေးကချစ်ရာလေး"

ဆေးခန်းအတွင်းဖက်ကနေ အသံလေးတစ်သံ
ကြားရလို့ ရောက်တဲ့နေရာမှာ ရပ်လိုက်တယ်။

နေခြည်Where stories live. Discover now