Part 3

6.5K 555 18
                                    


Unicode

အစည်းအဝေးထိုင်ရ စာရင်းတွေစစ်ရ လက်မှတ်တွေထိုးရ တနေ့လုံးခေါင်းမဖော်နိုင်အောင် စာရွက်နဲ့ Laptop ကြားနစ်နေသောကြောင့် ခေါင်းကိုက်နေရသည်

" သူဌေး 6:00 ထိုးတော့မယ် ကျန်တာကျနော် ဆက်လုပ်လိုက်ပါမယ် သူဌေးနားပါတော့ "

" အာ အဲ့လောက်တောင်ရှိသွားပြီလား နေနေ အတွင်းရေးမှူးကြီးလဲ နားပါ ကျနော် အိမ်ယူသွားပြီး လုပ်လိုက်တော့မယ် "

" ကျနော်က အပြီးသတ်ပေးမှာမို့ သူဌေး နားနားနေနေ နေပါ "

" ကျနော် ကိုယ်တိုင် အပြီးသတ်မှ ကျေနပ်နိုင်မှာ မို့လို့ပါဗျာ "

အလုပ်ပင်ပန်းတာကြောင့် စိတ်ထဲရှုပ်နေသည် ခေါင်းကမကြည် ငြီးစိစိနဲ့

ကားခြံထဲသို့ဝင်လာတော့ အိမ်ထဲက ပြေးထွက်လာတဲ့ ပေါက်စလေး ကို မြင်မှ ပြုံးမိသည် ရင်ထဲအေးချမ်းသွားရသော ထိုပိစိမျက်နှာလေးက ပြုံးရွှင်ကာထွက်ကြိုနေပုံရသည်

ခုမှပြုံးမိသည်ထင်ပါ့ ထိုကလေး‌လေးနဲ့မှ အပြုံးတွေဟာ အသက်ဝင်ခဲ့ပါသည်

လက်ထဲက အိတ်ကို လာယူပြီး နှုတ်ခမ်းလေးဆူကာဖြင့်

" နောက်ကျလိုက်တာ ကိုကိုက"

ထိုစူပွပွလေး၏ ပါးဖောင်းဖောင်းလေးကိုနမ်းရှုတ်မိသည်

" အားး ကိုကို့ရဲ့ အမောပြေလေးက
မွှေးလိုက်တာကွာ "

ပါး‌လေးအားပြန်သုတ်ပစ်သည့်ပေါက်စ

" ဟာ ကိုကို ချွေး‌တွေနဲ့ လာမနမ်းနဲ့ ညစ်ပတ်တယ် "

" အမယ် အမယ် သူညစ်ပတ်ကျရတယ် ကိုကို့ကျ မရဘူးလား "

" ဟီး "

လူကို လာရီပြပြီးအိမ်ထဲ ပြေးဝင်သွားသည်

" ဒေါ်ဒေါ်ရေ
ဒီကလေးတနေ့လုံးစာမကျက်ဘူးမလား "

" မင်းပဲ မေးကြည့်ပါတော့ကွယ် "

" ဟွန့် ကိုကိုကလဲ ကျောင်းမှာသင်ကထဲက ကျက်ထားပီးသား‌တွေ အိမ်မှာ ထပ်ကျက်စရာမလိုတော့ဘူး မသိပဲနဲ့ "

𝙾𝚠𝚗𝚎𝚛 [ Completed ] Where stories live. Discover now