Part 20

5.9K 479 58
                                    

Unicode

နိုးလာတော့ အခန်းထဲမှာ
သူတယောက်တည်း တကိုယ်လုံးကအားအင်တွေစုပ်ယူခံထားရသလို ညကအိမ်မက်ဆိုးမဟုတ်တဲ့ စိတ်ပျက်စရာဖြစ်ရပ်ကြီးကခေါင်းထဲတွင်တရိပ်ရိပ်ပြန်ပေါ်လာသည် သူ့ဘေးနားမှာတော့ဘယ်သူမရှိတော့ပါ အိပ်ယာပေါ်အကြည့်ရောက်မိတော့ အိပ်ယာခင်းစတွေမှာပေနေတဲ့သွေးအကွက်များ

ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတော့လဲ
ဒီလောက်သွေးထွက်တဲ့အထိဒဏ်ရာက
မရှိနေ သူ့လည်ပင်းက‌ဒဏ်ရာအား ဆေးထည့်ပေးထားပုံရသည်အရုပ်လေးတွေပါတဲ့စတာလာတခုဖြင့်ရှိနေသည် ဒါဆို ဒီသွေးတွေကဘယ်ကဟာတွေလဲ

ညကအဖြစ်အပျက်တွေက ခေါင်းထဲတန်းစီပြီး တရိပ်ရိပ်ပြန်ပေါ်လာသည်

မဟုတ်မှ ကိုကိုလား  !

အင်္ကျီကပြာကယာကောက်စွတ်ပြီးထလာလိုက်တော့ အခန်းထဲကကြမ်းပြင်မှနေ အပြင်ဘက်လှေကားထစ်တွေအထိ သွေးကွက်တွေရှိနေသည်

အောက်ထပ်အခန်းထဲက လူတချို့ရဲ့စကားပြောသံများကြားနေရသည် တံခါးဖွင့်ကြည့်မိတော့ ကိုကို့အခန်းထဲမှာလူတချို့

" လူနာအခြေအနေက စိုးရိမ်ရတဲ့အခြေအနေကနေ ကျော်သွားပါပြီ

ဒဏ်ရာတွေဆေးထည့်ပေးထားတယ်
ရေစိုမခံပါနဲ့ တနေ့နှစ်ကြိမ် ပတ်တီးလဲပေးပါ

နိူးလာအုံးမှာမဟုတ်ဘူး
အိပ်ဆေးပါထိုးပေးထားလို့ "

" ပြီးတော့ ကျတော်စောစောကပြောသလိုဘဲ လက်ကိုထပ်ပြီးမထိခိုက်စေပါနဲ့ ဥက္ကဌJeonကစိတ်ညစ်စရာတွေ
ရှိနေတယ်ထင်တယ် 
မနက်ဖြန်ထပ်လာခဲ့မယ် ခွင့်ပြုပါအုံး "

အခန်းထဲကထွက်သွားတဲ့ Doctor နဲ့ nurse တချို့က အခန်းအဝင်အဝကကျနော့်ကိုကြည့်သွားကြသည်

ဒေါ်ဒေါ်ကလဲ ငိုနေသည်

" ဒေါ်ဒေါ် ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲဟင် "

"မင်းကိုကို သွေးထွက်လွန်ပြီးသတိလစ်သွားတာညထဲက အခုထိပြန်သတိမရသေးဘူး "

𝙾𝚠𝚗𝚎𝚛 [ Completed ] Onde histórias criam vida. Descubra agora