Unicode
အိမ်တွင်ကုမ္ပဏီအလုပ်တွေလုပ်ပြီး ၁၁:၃၀ ကျော်လောက်ပင်ရှိပြီကိုအိပ်မပျော်သေးသဖြင့် မိုးရွာနေသော အပြင်ဘက်ကိုငေးရင်း ကော်ဖီပူပူလေးသောက်ကာ အတွေးများနေမိသည်။သူ့စိတ်အစဉ်နဲ့အတွေးများအထိ ကလေးကအပိုင်ယူထားသည်
သူ၏ကလေးလေးက သူ့အပေါ်အရင်ကလို တွယ်ကပ်နေခြင်းမရှိဘဲ စိမ်းတိမ်းတိမ်းဖြစ်နေသည် အလုပ်တွေကလဲ မအားတာကြောင့် အချိန်မပေးနိုင်သော ကိုယ့်အပြစ်တွေသာ
နောက်တပတ်ထဲကို ထိုအသေးလေး သွားချင်ပါသည်ဟုပြောတဲ့ Maldives (မော်လ်ဒိုက်) ကို မရရအောင်လိုက်ပို့မည်ဟု အစီအစဉ်ချထားရသည်
ထိုကလေးလေးကို ပျော်အောင်ထားချင်သည် ကိုယ်က သူငယ်ချင်းတွေနဲ့ မသွားခိုင်းတော့ ဝမ်းနည်းသွားသည့်မျက်နှာလေးမြင်မိတော့ခုထိ စိတ်ထဲနေလို့မကောင်းတော့ ထိုမျက်နှာလေးအားခုချိန်ထိ မျက်လုံးထဲကမထွက်ပေ
Jeonjungkook ရေမင်းက ကလေးကိုပျော်အောင်ထားမယ်ဆိုပြီး ကလေးကိုအချိန်မပေးနိုင်ပါလား အလုပ်တွေချည်းသာ ပိနေလိုက်တော့တာပဲ သူလဲကလေးလေးလဲသွားချင်စားချင် လည်ချင်မှာကိုမေ့နေလိုက်တာ
ကလေးသာ လိုက်ပို့ဖို့စီစဉ်ထားတာသိသွားရင် ပျော်နေတော့မှာ ထိုမျက်နှာလေးပေါ်က အပြုံးလေးတွေပါ မြင်ယောင်လာရင်း ကော်ဖီကိုမော့လိုက်ကာ ပြုံးမိသေးသည် အတွေးထဲကအပြုံးလေးကတောင် သူ့ရင်ထဲကိုအေးချမ်းစေတယ်
ဘာပဲဖြစ်ဖြစ် ကလေးအတွက်သာ အမြဲစဉ်းစားပေးနေမိသည် ပျော်ရွှင်မှုဆိုတာတောင် ကလေးအပြုံးလေးတွေဖြစ်တည်လာမှ ဝမ်းနည်းရမည်ဆိုတာ ကလေးမျက်ရည်လေးတွေ ဝေ့သီလာမှ သိရတော့တာ အဲ့အထိ သူနဲ့ကလေးက တိုက်ရိုက်အချိုးကျနေတာ
နေ့ရက်တိုင်းထိုကလေးလေးကိုသာ ဦးနှောက်ရော နှလုံးသားသားမှာပါ
နပါတ်စဉ်တပ်စရာမလိုအောင် အပြည့်ဖြစ်နေသည် သူ့ကိုယ်သူဒီလောက်ထိ သံယောဇဉ်တွယ်တတ်ခဲ့မယ် နူးညံ့ခဲ့မယ်လို့တွေးတောင်မတွေးမိဖူးခဲ့တာသူရဲ့ဘဝစိတ်ဝိညာဉ်ဟာလဲထိုကလေးလေးသာ ပင်ဖြစ်နေခဲ့ပါသည် ဒီကလေးကမသိပေမယ့် သူ့ကိုယ်သူသိနေပြီလေ
