Unicode Ver
ထိုနေ့တွေကစ၍ ကလေးအား Driver Li နှင့်သာ အပို့အကြိုလုပ်စေသည် ကိုယ်တိုင်လုပ်ပေးချင်သော်လည်း ဘယ်လိုမှမတတ်သာ၍သာ ညအထိမပြီးပြတ်သေးသော အလုပ်များကြောင့် ကလေးနှင့်တွေ့ရသည်က မအိပ်ခင်အချိန်လောက်သာ
" ဒေါ်ဒေါ် ကလေးပြန်ရောက်ပြီလား "
" ပြန်ရောက်ပြီ သူဌေးလေး ရှစ်နာရီထဲက ပြန်ရောက်တယ် စားသောက်ပြီး သူ့အခန်းထဲမှာ စာကျက်နေသံကြားတယ်
စောစောကတော့ "" ဟုတ်ကဲ့ ကျနော်သွားကြည့်လိုက်အုံးမယ် "
ကုတင်ပေါ်တွင် စာအုပ်များဖွင့်ကာချထားပြီး ပါးစပ်လေးဟကာ အိပ်ပျော်နေသည် ဒီရက်ပိုင်းကလေးနဲ့ သေချာမတွေ့ဖြစ်တာကြောင့် မျက်နှာလေးအား တဝကြည့်မိသည် ။အိပ်နေသူကတော့ အပူအပင်မရှိအပြစ်ကင်းစင်နေသည်။ စာတွေလုပ်ရတော့ သူ့ကလေးငယ်လေးပင်ပန်းနေရပြီ။
စာအုပ်များပြန်သိမ်းပေးရသေးသည် ဒီအကျင့်ကလေ ငယ်ငယ်လေးထဲက ဒီပေါက်စကတော့ ဖွပြီးပြန်မရှင်းတတ်တဲ့ ကြွက်ပေါက်လေးလိုပဲ
စားပွဲပေါ်သပ်သပ်ရပ်ရပ်စီပေးတော့ ပုံဆွဲစာအုပ်လေးများက ထပ်တိုးလာပြီး အရေအတွက်များလာသည်
ဖွင့်ကြည့်မိတော့ ကလေးရဲ့ ပုံလေးတွေပါပဲ ဒါတွေလဲ ချန်းဆိုတဲ့ကောင်လေးဆွဲပေးထားတာ ကလေးကစိတ်ကစားနေတဲ့အရွယ်ရောက်တာကြောင့် ဘာမှဝင်မပြောမိ ဘေးနားကလိုက်ကြည့်ကြပ်ပေးရမည်သူ့ရဲ့ ကလေးက အဖြူစင်ဆုံးလေးရယ် အဖိုးတန်လေး လမ်းမှားရောက်လို့မဖြစ်ပေ။ ကိုကို့အပြင်ဘက်က လောကကြီးက မင်းကိုလုံခြုံအောင် ပျော်ရွှင်အောင် ထားနိုင်ပါ့မလားလေ
လက်ခုံလေးအား ခပ်ဖွဖွ ဖိကပ်နမ်းလိုက်ပြီး စောင်ထဲ ပြန်ထည့်လိုက်သည်။ ရင်ဘတ်အထိစောင်လေး ခြုံပေးလိုက်သည်
မနက်စာအတူစားတော့ ကလေးက အရင်လိုနေဟန်
" ဖြေးဖြေးစားပါ ကလေးရဲ့ အစာမကြေဖြစ်နေပါ့မယ် "
" စောစောသွားရမယ် စာမေးပွဲနီးလာပြီ
ကိုကိုရဲ့ "