Unicode
ရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်မှာ စောင်ပတ်ပြီး တဖက်လှည့်ကာ အိပ်နေတဲ့ ကွေးကွေးလေးကြောင့် သူ့ရဲ့စောင်ထဲ တိုးဝင်လိုက်ကာ ကိုယ်သေးသေးလေးအား နောက်မှဖက်ထားလိုက်သည်။
" ကိုကို့ရဲ့ကလေးငယ်လေး အိမ်မက်လှလှ မက်ပါစေ "
ခေါင်းလုံးလုံးလေးအပေါ် အနမ်းတပွင့်
ထိုည၌ ချစ်ရသူ၏ ရင်ခွင်ထဲ၌ နွေးထွေးကာ အေးအေးလူလူနဲ့အိပ်ပျော်နေသော ကောင်လေးမှာ မည်သည့်အပူအပင်များတစိုးတစိမျှမရှိဘဲ သူတို့၏ ကမ္ဘာငယ်လေးမှာ သာယာနေခဲ့ပါသေးသည်
မနက် မေမေကြီးတို့အိမ်မှပြန်တော့ သားဖြစ်သူအပေါ်ထက်ပင် ထိုကလေးငယ်အား တွယ်တာနေသော မေမေက ထိုကလေးအား ဂရုစိုက်ဖို့ တအားကြီးမမာန်ဖို့နဲ့ စိတ်ချမ်းသာအောင်ထားဖို့ တတွတ်တွတ်မှာသည်
" ကိုကိုက ဂရုစိုက်ပါတယ် မေမေကြီးရဲ့ "
" မင်း ကိုကိုက မာန်ရင် မေမေကြီးဆီသာ ပြေးလာခဲ့ သားငယ်လေး "
" ဟုတ်ကဲ့မေမေကြီး "
Jungkook နဲ့ သူ့အဖေမှာ ခေါင်းခါရုံသာတတ်နိုင်တော့သည်
ထိုကလေးစားမကောင်းမှာစိုး၍ဟုဆိုကာ သူကိုယ်တိုင်လုပ်ထားပါသော ဟင်းမျိုးစုံကို ဘူးကြီးဘူးငယ်ဆိုဒ်အမျိုးမျိုးဖြင့် ထည့်ပေးလိုက်သေးသည်
ကလေးငယ်က ငယ်ငယ်ထဲက လူချစ်လူခင်ပေါသည် မည်သူနဲ့မဆို အဆင်ပြေပြေနေတတ်သည် သူ၏ပင်ကိုယ်ပုံစံလေးကိုကချစ်မွှေးပါသည် ဘာဆုတောင်းတွေများကောင်းခဲ့ပါလိမ့် အလကားသက်သက်လူကိုစိတ်မချဖြစ်အောင်ဆုတောင်းတွေကပြည့်နေခဲ့သည်
အိမ်သို့ပြန်ရောက်ကထဲကရေမိုးချိုးပြီး တီဗွီနဲ့ ဂိမ်းစက် ကို jion ကာ ထိုင်ဆော့နေသည့်ပေါက်စ စိတ်ပြေလက်ပျောက်ဆော့ပါစေဆိုပြီး လွှတ်ထားပေးကာ ကိုယ်က အလုပ်လုပ်နေတာကိုနေဝင်ချိန်ထိ မထသေးပေ။ မပြောမချင်း သူလုပ်ချင်ရာလုပ်တဲ့ ဒီဟာလေးကြောင့်အနောက်ကနေလိုက်ပြောနေရတာပဲ တနေ့တနေ့