Part 9

4.9K 451 22
                                    


Unicode Ver

စာမေးပွဲတွေ အထပ်ထပ်ဖြေပြီးနောက်ဆုံးတော့ အကုန်လုံးပြီးသွားခဲ့ပြီ။ ခေါင်းပေါ်တင်ထားတဲ့ ‌အရာတွေလွှတ်ချလိုက်ရသလို ပေါ့ပါးနေတော့သည်။ စာတွေကျက်ရ မှတ်ရ လုပ်လိုက်ရတာအရမ်းကိုပင်ပန်းသွားပြီလေ

ဆူဘင်း
" ယေးး နောက်ဆုံးတော့ လွတ်လပ်ပြီ "

" အော် မင်းကအရင်က မလွတ်မလပ်တွေဖြစ်နေခဲ့တယ်ပေါ့ "

" တိတ်စမ်း စာတွေထပ်မလုပ်ရတော့ဘူးလေကွာ "

" အော် အရင်က အရမ်းတွေလုပ်နေခဲ့တာပေါ့ "

" မင်း ဘယ်လိုဖြစ်လို့ အားနေငါ့ပဲ လာကိုက်နေတာလဲ ချန်းရာ "

" ဒါနဲ့ Taehyung hyung ကထွက်မလာသေးဘူးလား "

" မင်း ပြန်ချင်ရင် ပြန်နှင့်လေ ငါစောင့်လိုက်မယ် "

" ရှောင်ခိုင်းရင် ရှောင်ခိုင်းတယ်ပေါ့ကွာ "

" အေးကွာ သိရင်လဲ ရှောင်ပေး "

" ဟားဟား ငါ့ကောင်ကြီး ဖွင့်ပြောတော့မယ်ပေါ့ အဆင်ပြေပါစေကွာ "

ပုခုံးကိုလာပုတ်ပြီး နှစ်သိမ့်နေသောကြောင့် ဖျစ်ညှစ်သာ ပြုံးပြလိုက်သည် ရင်ဘတ်ထဲက အကောင်က ဂနာမငြိမ် ဝုန်းဒိုင်းကြဲနေတာ ကိုပဲသိတယ် ။ ပြောရမလားမပြောရဘူးလား ဒွန်တွဲစဉ်းစားနေရင်းရူးမလိုဖြစ်နေတာ မပြောလိုက်မိ‌လေခြင်းဆိုပြီးနောင်တတွေမရချင်တာကြောင့်သာ

" ဟျောင့် မင်းကလဲ အဆင်ပြေမှာပါကွ လီချန်း မဟုတ်တဲ့အတိုင်းဘဲ စိတ်လျော့စမ်းပါ "

" ငါ့ သေတော့မှာပဲ ဆူဘင်း ငါ ဒီအတိုင်းပဲ ပြန်လိုက်တာ ကောင်းမယ်ထင်တယ် "

" ဟာ မင်းပဲ ပြောစရာရှိပါတယ် ဆိုပြီးချိန်းထားပြီးတော့ အဆင်ပြေမှာပါ ဒီကြားထဲမှာ မင်းသူ့အပေါ် လုပ်နိုင်သမျှလုပ်ပေးခဲ့တာပဲ hyung က ရိပ်မိလောက်မှာပါ သူအဲ့လောက်လဲ မသိ‌တဲ့သူလဲမဟုတ်ပါဘူး "

𝙾𝚠𝚗𝚎𝚛 [ Completed ] Where stories live. Discover now