Part 10

5.2K 454 14
                                    


Unicode ver


မနက်နိူးလာတော့ သူ့ဘေးမှာကိုကိုမရှိတော့ နာရီကိုလှမ်းကြည့်မိတော့ 9:00
နာရီမှာ စာလေးကပ်ထားသည်

ဆွဲယူလိုက်ကာ ဖတ်ကြည့်မိတော့

' ကလေး မနက်စာ တခုခုစားပြီးမှသွားနော် '

ပြုံးမိသွားသည် နိူးနိူးချင်း ပြုံးမိသွားတာက ကိုကိုကြောင့်ပါ။သူ့ကို ခုထိကလေးလေးတယောက်လိုသာဆက်ဆံသည်။

ကိုကိုကတော့တကယ်ပါလေ

ရေမိုးချိုးပြီး အောက်ဆင်းလာတော့

" ထယ်လေးရေ နိူးပြီလား သူဌေးလေးက စားပြီးမှသွားဖို့ မှာသွားတယ် ဒေါ်ဒေါ် ပြင်ပေးမယ် "

" ‌ဒါနဲ့ ထယ့်အထုပ်တွေ ကိုကိုအကုန်လုပ်ပေးသွားတာလား "

" ဟုတ်တယ် မနက်ထဲက အကုန်ပြင်ပေးသွားပြီး သွားရင်အဆင်သင့်ဖြစ်အောင်တဲ့
ဟိုမှာလေ အကုန်အဆင်သင့်ပဲ "

" မနက်ထဲက ထယ်လေးပစ္စည်းတွေ ကျန်ခဲ့မှာစိုးလို့တဲ့ အပေါ်နဲ့အောက်ထပ်ကို တက်လိုက်ဆင်းလိုက်နဲ့ မင်းကိုကိုအလုပ်တွေရှုပ်နေတာ"

" ထယ် ညက အ‌စောကြီးအိပ်ပျော်သွားတာ အထုတ်တွေထုပ်ဖို့မေ့ပြီး ကိုကို အကုန်လုပ်သွားပေးတယ် ကြည့်ပါအုံး
သနားပါတယ် ထယ့်ကိုကို"

နှုတ်ခမ်းတထော်ထော်နဲ့ သူ့ကိုကိုသနားပါတယ် အကုန်လုပ်ပေးသွားတယ် ကြည့်ပါအုံးနဲ့ တတွတ်တွတ်ပြောနေတဲ့ ကလေးပေါက်စ

ပြုံးမိသည် ဒီကလေးနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာက တဖက်လူတွေပါ အေးချမ်းစေသည် ချစ်ဖို့ကောင်းသည်။

စားသောက်ပြီးနောက် ကားပေါ်ပါသွားသည့် ကလေးက အပူပင်ကင်းစွာ ပျော်နေသည်

သူဌေးလေးက ထယ်လေးမရှိတဲ့နောက် မနက်ကနေ ညနေ 6:00 ထိသာနေပေးပြီး ပြန်လို့ရပါတယ်တဲ့လေ

အရင်ကညအိပ်ခေါ်ထားရသည်မှာ ညဘက် ထယ်လေးဗိုက်ဆာတာတို့ သူပြန်မရောက်သေးခင် Taehyung လေးတယောက်ထဲဖြစ်နေမှာကြောင့် သာဖြစ်သည်။

𝙾𝚠𝚗𝚎𝚛 [ Completed ] Hikayelerin yaşadığı yer. Şimdi keşfedin