Unicodeမေတ္တာတွေဆူးနေတဲ့ကျနော်ကတော့ ပူလောင်မှုတွေနဲ့အိပ်လို့ပင်မပျော်နိုင်တော့ပါ ကျနော်တယောက်ထဲအဲ့အပြစ်တွေခံယူပါ့မယ်
အိပ်မပျော်၍ဆင်းလာတိုင်း အမှောင်ထဲမှာမီးမဖွင့်ပဲ အရက်သောက်နေတတ်သောကိုကို့
ကိုတွေ့သည် ကျတော်ပဲအပူလောင်ခံပါမယ် သူ့ကိုတော့မပူလောင်စေချင်တော့ဘူး သူ့မှာဘာအမှားမှမရှိပဲလေဗျာ..စေ့စပ်မဲ့ရက်သတ်မှတ်ပြီးတဲ့နေ့မှစပြီး ပူလောင်နေရတဲ့ကျနော် အခုချိန်မှ ထယ်အဲ့လိုလုပ်ချင်တာမဟုတ်ဘူးလို့ ပြောရင်
ကိုကို ထယ့်စိတ်တွေကိုနားလည်ပေးနိုင်ပါတော့မလား စိတ်ပျက်လာတယ်
ကိုယ့်ကိုကိုယ်တောင် စိတ်ပျက်နေမိတော့တာအပြစ်မရှိတဲ့ ကိုကို့ကို နေ့တိုင်းဒီလိုပုံစံနဲ့တွေ့နေရတာ ကျနော့်ကိုပိုနာကျင်စေတယ်
ဆင်းလာတဲ့ကျနော့်ကို မြင်သွားသည့်သူ
လရောင်နဲ့ဝိုးတဝါးမြင်ရတဲ့ သူ့မျက်လုံးတွေထဲက အရည်ကြည်တွေ ကျနော်ကြောင့် ကိုကိုပါအဆိပ်သင့်စေခဲ့ပြီကိုကိုက သူ့ကိုယ်ကိုသူဂရုမစိုက်တော့ဘူး နေ့တိုင်းဒီလိုမျိုးသာသောက်နေရင် ကျန်းမာရေးကိုထိခိုက်မိမယ်လေ
" နေ့တိုင်းသောက်နေတာ
မကောင်းဘူး
ကိုယ့်ကိုကိုယ်လဲဂရုတစိုက်နေပါအုံး "ထိုလူကနားလည်သလိုပြုံးတယ် ဒါပေမဲ့သူနားလည်သွားတာကတခြားတခု
" အော ကိုယ်အဆင်ပြေပါတယ်
သူများတွေရှေ့မှာ ကလေး
မျက်နှာမငယ်စေရပါဘူး
ကိုယ်ဂရုစိုက်မှာပါ "ဘယ်သူကမျက်နှာငယ်မှာစိုးလို့ပြောနေလို့လဲ ခင်ဗျားကိုစိတ်ပူလို့ပြောနေတဲ့ဟာ
ထိုသူက သူ့ကိုစိတ်ပူလို့ပြောတာကို
မသိပါလေ ဘယ်နားလည်နိုင်ပါ့မလဲ သူ့ မေတ္တာတွေတောင်မှပဲ စော်ကားလှောင်ရီခဲ့တဲ့သူတယောက်မလား သူစိတ်ပူတယ်လို့ဘယ်ထင်ပါ့မလဲ
ကိုကို့အတွက်သူကမကောင်းတဲ့
သူတယောက်ကလေးစေ့စပ်ရတော့မယ်ပြောပြတော့ မေကကြိတ်ငိုတယ်
ဒီကလေးလေး ကို တခြားရင်ခွင်ထဲမထည့်ချင်တာနဲ့ ကိုယ့်သားအတွက်ရင်လေးလို့ ဖြစ်ပါလိမ့်မယ် ကျနော်လဲ
အမေနဲ့ထပ်တူ မဟုတ်ဘူး
အမေထပ်ပိုပြီးအဆပေါင်းများစွာ
ရင်နင့်နေရပါတယ် မပြောရက်ခဲ့
ကိုယ့်ဝေဒနာတွေ ကိုယ်သာစုခံမည်
