Unicode Ver
မနက်ရောက်တော့မျက်လုံးများမပွင့်ခင်ခံစားမိတာက သူ့ကိုယ်အားတင်းကျပ်စွာဖက်ထားတဲ့ကိုယ်လုံးနွေးနွေးလေး မျက်လုံးများဖွင့်ကြည့်မိတော့ ရင်ဘတ်ကိုမျက်နှာအပ်ထားပြီး ခေါင်းလုံးလုံးလေးက ကိုယ့်မေးစေ့အောက်မှာရောက်နေသည်
' ကလေးက ဘယ်လိုလုပ်ပြီး အခန်းထဲရောက်နေတာလဲ '
နိူးသွားမှာစိုးလို့ မလှုပ်မိ ထိုခေါင်းလုံးလုံးလေးအား နမ်းလိုက်တော့ ရင်ခွင်ထဲက ပေါက်စက လှုပ်လာသည်
ကိုယ်ကို ကွေးသည်ထက်ကွေးပြီး အနားသို့ပို၍တိုးကပ်လာသည် နောက်လှုပ်လှုပ်ရှားရှားဖြစ်လာပြီး သူ့ကိုမြင်သွားသည်" ကိုကို "
ရင်ခွင်ထဲကနေမော့ကြည့်ပြီး အိပ်မှုန်စုတ်ဖွားနဲ့ခေါ်နေတာလေးက ချစ်ဖို့ကောင်းနေလို့ အရာရာမေ့ပြီး အလျော့ပေးချင်တဲ့စိတ်တွေ မဖြစ်ဘူး
" အင်း ပြော"
" ဟိုလေ ..ညက ကိုကိုကဒီမှာအိပ်ဆိုလို့"
" အော... "
" ထယ် သွားတော့မယ် "
ရင်ခွင်ထဲကထွက်သွားမည့်ကိုယ်လေးကို ခါးသိမ်သိမ်လေးကနေပြန်ဆွဲယူထားလိုက်သည်
" ပြန်အိပ် စောသေးတယ် "
" ထယ်မအိပ်ချင်တော့ဘူး"
ခါးကနေဆွဲထားပြီးခေါင်းလုံးလုံးလေးကို ရင်ခွင်ထဲရောက်အောင်ဖိထားလိုက်မိသည်
" အဲ့တာဆိုလဲ ခနလေးဒီတိုင်းနေ "
အဲ့ကျမှခါးပေါ်လက်လေးများရောက်လာပြီး ရင်ခွင်ထဲတိုးဝင်လာသည်
" ဒီနေ့ ဦးလေးကြီးက ခွင့်ယူထားတယ်"
" ဟုတ် ထယ်သိတယ် "
" အဲ့တာဆို ဒီနေ့ ထယ့်ကို ကိုကိုလိုက်ပို့ "
" အင်း ကိုယ်လိုက်ပို့ပေးမယ် "
ထမင်းစားတော့ ထိုကလေးနှစ်ယောက်က တယောက်မျက်နှာတယောက်ကြည့်ကြည့် လုပ်နေကြတော့ အခြေအနေကသိပ်မဆိုးဘူးလို့ပြောလို့ရသည် ကျောင်းလဲ
သူဌေးလေးလိုက်ပို့ပေးတဲ့ပုံအရ မကြာခင်ပြန်အဆင်ပြေတော့မှာပဲဟု သူတထစ်ချတွေးလိုက်မိသည်