Unicode
ကျက်စာဘာသာမို့Guide လုပ်ပေးသည့် တီချယ်က ခါတိုင်းအချိန်ထက် နာရီဝက်စောကာ ပြန်သွားခဲ့သည် ထို့ကြောင့် အိမ်ကလာကြိုမည့်ကားအား Taehyung ထိုင်စောင့်ရုံအပြင်မရှိပါ။
စာကျက်ပြီး အိမ်ကလာအကြိုကိုစောင့်နေသည့် Taehyung လေးမှာ သူ၏ရှေ့တွင် စာအုပ်လေးဖွင့်ကာ လက်သီးဆုပ်လေးပေါ် မေးလေးတင်ပြီး မျက်တောင်ရှည်ရှည်လေးများ ပါးပြင်ပေါ်ဖြာကျနေသည်။ သက်ရှိကြွေရုပ်လေးနှယ် ပြေပြစ်ကာမျက်နှာမလွဲချင်လောက်အောင်ကို လှလွန်းသည်။ နတ်သက်ကြွေသော နတ်သားလေးတပါးတောင် အိပ်ပျော်နေရင် Taehyung လောက်လှပါ့မလားလို့ မေးကြည့်ချင်စမ်းပါဘိ
ထို ချစ်စဖွယ် မြင်ကွင်းကို မျက်ဝန်းကအချစ်တွေပြည့်လျှံကာထိုင်ကြည့်နေတာက ချန်းဖြစ်သည်
တီချယ် ပြန်သွားကထဲက Game အားသဲကြီးမဲကြီးဆော့နေသော ဆူဘင်းက တချက်ကြည့်မိရင်းအမြင်မတော်တော့ပေ။ Taehyung ကိုပြုံးကာကြည့်နေသည့် ချန်းအား နားမလည်စွာ ပြူးကြည့်နေပြီး ဘေးနားက Cola အား ဆူဘင်းမော့သောက်လိုက်သည်
ထိုအကြည့်ကွင်းဆက်သံသရာဖြစ်နေစဉ် ချန်းမှထကာ Taehyung ၏ နဖူးလေးအား အသာတိုးကာ နှုတ်ခမ်းလေးနဲ့ ထိကပ်လိုက်သည်။
" ဖူးးး ဖလူးးး အဟွတ် အဟွတ် ! "
ထိုအသံကြောင့် ထယ်ယောင်းမျက်လုံးဖွင့်ကြည့်တော့ ချန်းကဘေးကနေပြုံးကြည့်နေသည်
" ချန်း ဘာဖြစ်တာလဲ "
" မသိဘူးလေ Tae ဘာဖြစ်လို့လဲ "
" အသံတခုကြားလိုက်လို့"
" ချီးပဲ! ချန်း နှာခေါင်းထဲ cola တွေဝင်သွားပြီ "
" အဟမ်း ..
မနက်ဖန် စာမေးပွဲပြီးပြီဆိုတော့
Tae က အိမ်ကိုမလာတော့ဘူးပေါ့နော်"" ငါကလာမှာနော် ချန်း "
" မင်းခန ငြိမ်နေစမ်းပါ ဆူဘင်း ရာ "
" အော အော "
ပြုံးစိစိနဲ့ ဟိုဘက်လှည့်သွားတဲ့ သကောင့်သား