Unicode
ဆူဘင်းရယ် ချန်းရယ် နဲ့အတူ စီးပွားရေးမေဂျာ ယူကာအတူတူ တက်ခဲ့သည် အစကထဲက ကိုကို့အလုပ်မှာ တခုခုကူညီနိုင်အောင် တက်မယ်လို့ ရည်ရွယ်ထားပြီးသားဖြစ်ပြီး ချန်းကတော့ သူ့အိမ်က ကုမ္ပဏီကို ဆက်ခံဖို့ အတွက်သာ
ကိုကိုက uni သို့ Diver Li နဲ့သာ သွားစေပြီးအကြိုအပို့လုပ်ခိုင်းသည် အခုချိန်ထိကလေးလိုဆက်ဆံတုန်းဖြစ်သည် သူ့ကိုယခုချိန်ထိ စိတ်မချနိုင်သေးပါ သူ့ကိုခုချိန်လောက်ဆိုလွတ်လပ်ခွင့်တေပေးသင့်ပြီလေ
ခရီးသွားမည့်ပြသာနာဖြစ်ပြီးကထဲက ကလေးက သူ့ကိုစကားသိပ်မပြော တခုခုဆိုအလိုက်အထိုက်သာ ပြောပြီးစိမ်းသွားတဲ့ ကလေးကြောင့် မသိစိတ်ထဲကဝမ်းနည်းနေမိသည် သူမှားသွားပြီလား ကောင်းကောင်းမွန်မွန်ရှင်းပြပြီး ဖြောင်းဖြခဲ့ရင်အကောင်းသား
အဆင်မပြေဘဲ မနေတတ်သူမို့ ကလေးလေးအားလိုက်ကာ ချော့တော့လဲ အလိုက်သင့်ပြောပြီး သူတယောက်ထဲနေသည် ကျနော့်အခန်းထဲတောင် မလာတာ ကြာပြီ အမြဲလိုကျနော့်အားကပ်ကာနေသော ကလေးကစိမ်းပြနေသည်
အခန်းထဲမှာပဲ နေပြီး သူ့သူငယ်ချင်းတွေနဲ့ ဖုန်းပြောလိုက် ဂိမ်းဆော့လိုက် စားတဲ့အချိန်ထစားလိုက်သာ နေတော့ စိတ်မကောင်းဖြစ်ရသည်
ပြန်တွေးကြည့်မိတော့ အလုပ်များက
သိပ်ရှုပ်သည်မို့ ကလေးအား ထိုကဲ့သို့ ခရီးများကို လိုက်မပို့ဖူးပေ သူလေးလဲ သွားချင်မှာလေ ဒါတွေကိုမတွေးမိဘဲ စိတ်မချလို့မလွှတ်ဘူးချည်းပြောနေခဲ့မိတာ သူကိုယ်တိုင်လဲအလုပ်မအားသည်မို့ ကလေးနဲ့ခရီးဝေးတွေအတူမထွက်ပေးနိုင်ခဲ့ကလေးရဲ့ အရင်လိုမျက်နှာလေးကို ပြန်မြင်ချင်သည် ဒါကြောင့်ကလေးသွားချင်တဲ့နေရာလေးကို လိုက်ပို့ပေးမည် မအားလဲမဖြစ်ဖြစ်အောင်တော့ စီစဉ်ရမည် သူ့အမှားလဲပါနေသည် ကလေးလေးစိတ်မကောင်းဖြစ်ရတာသူအချိန်မပေးနိုင်မှုတွေကြောင့်တစိတ်တပိုင်းပါဝင်နေသည်
နောက်လထဲတွင်ခရီးသွားဖို့ ကြိတ်ကာ ပြင်ဆင်နေခဲ့သည်