Unicode
ကလေးက ဒီပြသာနာတွေဖြစ်ပြီးနောက်ပိုင်း အဆိုးလေးဖြစ်လာသည် ထိခိုက်နစ်နာသွားတာမျိုးမဖစ်ရင်တော့ သူတခွန်းမျှဝင်ပြောမည်မဟုတ်ပါ ညဉ့်နက်မှပြန်လာတာမျိုး သူ့ရှေ့ရောက်မှ ဆေးလိပ်အားသောက်ပြတာမျိုး အများကြီးဆိုးပြသည် ဒါတွေကသူ့လုပ်ပိုင်ခွင့်ပါပဲလေ စိုးရိမ်ပူပန်မိပေမယ့် ကလေးကမကြိုက်ဖူးလေ
Jungkook ကုမ္ပဏီမှပြန်ရောက်ရောက်ချင်း မျက်လုံးများကစားကာ ပုံရိပ်ငယ်လေးတခုအားရှာဖွေနေမိသည်
" ဒေါ်ဒေါ် ကလေးကပြန်မရောက်သေးဘူးလား "
" ဟုတ်တယ် သူဌေးလေး "
" အဲ့လိုပဲနောက်ကျသလား "
" တခါမှဒီလောက်ထိတော့မနေဖူးပါဘူး သူဌေးလေး "
" ကျစ် ! 11:30 နေပြီ ဒေါ်ဒေါ်နားတော့ကျတော်စောင့်လိုက်မယ် "
" သူဌေးလေးက နေမကောင်း - "
" ရတယ်
သူ့ကိုပြောစရာလဲရှိလို့ပါ "ဒေါ်ဒေါ်ကခေါင်းငြိမ့်ပြပြီးအထဲဝင်သွားသည် ညနေကသူ့သူငယ်ချင်းတွေလာခေါ်သွားတာမြင်လိုက်သည်
ဒီကလေးစိတ်ထင်တိုင်းလုပ်နေတာတွေ
သိသော်လည်း ဘာမှကိုဝင်မပြောနိုင် ဘာပြောနိုင်မလဲလေ ပြောင်းလဲသွားစေတာက ကိုယ့်ကြောင့်သာ စိုးရိမ်လို့တခုခုပြောရင်တောင် ထိုလူသားလေးက သူ့ကိုလှောင်နေလေတော့မှာ" ဒေါ်ဒေါ် !! ဒေါ်ဒေါ် ....
ထယ့်ကိုတံခါးဖွင့်ပေးပါအုံး ..
ဒေါ်ဒေါ် ရေ အီးးး !
တံခါးကြီးကပိတ်ထားတယ် "ဆွဲဖွင့်ပြီးဝင်လာရင်ရတဲ့တံခါးကို
တဘုန်းဘုန်းထုပြီးအော်ခေါ်နေသည်တကြော်ကြော်အော်နေတဲ့ကလေးရဲ့အသံကပုံမှန်တော့မဟုတ်
တံခါးဖွင့်လိုက်တော့ ပျော့ခွေနေတဲ့ကိုယ်လုံးကလက်ထဲတွင် ပြိုကျလာသည်
သူ့ဆီကရနေတဲ့အနံ့တွေအရ သိလိုက်ပြီ
ထိုလူသားလေးကလေ လုပ်ချင်တာတွေအကုန်လုပ်နေတော့တာ