Unicode
ဧည့်ခန်းကြီးတခု၏ အလယ်၌ တရှုံ့ရှုံ့ငိုနေသော ကလေးတယောက်အား ရင်ခွင်ထဲထည့်ထားကာ ကျောလေးအား ခပ်ဖွဖွပုတ်ကာပေးနေသော သူဌေးလေးJeon..
သူငယ်ချင်းသဖွယ် အကိုပမာ ရင်းနှီးနေသော အကို Kim Saung Jin ၏ နာရေးအပြီးတွင် သူ၏တဦးတည်းသောညီလေး Kim Tae Hyung ဆိုသည့် ပိစိလေးအား အိမ်သို့ခေါ်လာလိုက်သည်
ကလေးပိစိက ရင်ခွင်ထဲဝင်ကာ လက်ကလေးများက သူ၏လည်ပင်း၌ချိတ်ထားသည်။
ပုခုံးပေါ် သူ၏ခေါင်းလေးတင်ကာ ရှိုက်သံ သေးသေးလေးများထွက်နေသည် သူ့ရှေ့မှာတင် ကြုံခဲ့ရသော အဖြစ် အပျက်များက ထိုကလေးငယ်အား ခြောက်လှန့်နေဟန်" ဟင့်...ကျနော့်ကိုကို ကိုသတိရတယ် "
" ကလေးရယ် ကိုကိုက ကလေး ခုလိုမျိုးဆက်တိုက် ငိုနေတာသာသိရင် စိတ်မကောင်းဖြစ်နေတော့မှာ ကလေးငိုနေတာမြင်သွားရင် သူလဲငိုနေလိမ့်မယ်
အဲ့လိုဖြစ်စေချင်လား "" ဟင့်အင် ကလေးက ကိုကို့ကို စိတ်မကောင်းဖြစ်အောင်လုပ်နေတာ မဟုတ်ပါဘူး အင့် "
" အင်း အင်း အဲ့တာဆို တိတ်တော့နော် "
" ဒါမဲ့ ကိုကို မရှိရင်
ထယ်တယောက်တည်း _ "" ဒီကိုကို ရှိတယ်ကလေး ဒီကိုကိုကမင်းကို စောင့်ရှောက်ပေးမယ် ကာကွယ်ပေးမယ် ဒါကြောင့် ကလေးတယောက်တည်းလို့ ဘယ်တော့မှ မပြောရဘူးနော် "
ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ လည်ပင်းပေါ် ဖက်တွယ်ထားသော လက်ကလေးမှာ ပို၍ တင်းကျပ်လာသည်
လောကကြီးက အတော်ပင်မတရားပါ မကောင်းသောသူတွေ မကောင်းတာတွေချည်း တသီကြီး လုပ်နေတဲ့သူတွေမှ အပုံအပင်ပါ ဒီလောက် စိတ်ရင်းစေတနာကောင်းတဲ့ hyung ကျမှ အရင် ခေါ်သွားရတယ်လို့
Taehyung လေးကို ကျောင်းမှအပြန်ဝင်ခေါ်လာစဉ် တဖက်မှကုန်တင်ကားကြီးက ရှေ့ဘီးပေါက်၍ အရှိန်ဖြင့်ဝင်လာပြီး ကားဆီဖြတ်တိုက်မိကာ တိုက်မိသောဘက်အခြမ်းမှ hyung ကနေရာတင် အသက်မရှိတော့ပေ