Unicode verအိမ်ရောက်တော့ ကိုကိုကသူကိုင်ထားတဲ့ ပစ္စည်းများကို အကြမ်းပတမ်းပစ်ချပစ်သည် ကိုကိုကသူ့ရှေ့မှာ တခါမှဒီလိုဒေါသမထွက်ဖူးဘူး အဲ့လောက်တခါမှ စိတ်တိုမနေခဲ့ဖူးဘူး
ကိုကိုရဲ့ဒီလိုပုံစံကို တခါမှမမြင်ခဲ့ဖူးတဲ့ သူ့အတွက် ဒါကြီးကထိတ်လန့်စရာဖြစ်နေသည် သူ့ကိုလဲမကြည့်ရဲသလို သူပြောမဲ့စကားတွေကိုလဲမကြားရဲဘူး ကိုကို့ရဲ့ဒီလိုပေါက်ကွဲနေတဲ့ပုံစံကြောင့် သူခြေဖျားလက်ဖျားတွေသာအေးစက်လာသည် အသံတခုမှတောင်မပြုရဲဘဲ ငြိမ်ကုတ်နေမိသည်
သူ့ပုံကို ကိုကိုကတချက်ကြည့်ပြီး မနည်းကိုဒေါသထိန်းထားတဲ့ပုံဖြင့် မေးသည်
" မင်း ကျောင်းကိုမသွားဘဲ
ဘယ်တွေသွားနေတာလဲ "" ကိုကို ထယ်တောင်းပန်ပါတယ်
လိမ်ထားတာမဟုတ်ပါဘူး
ထယ်က အင့်
ပြောပြမလို့ပဲ ဒါကိုအစောတည်းက
ခုလို ကိုကိုကစိတ်တိုနေတော့ အင့်
မပြောရဲဘူးး.. ဟင့် "" မျက်ရည်ကျရအောင် စိတ်တိုအောင်လုပ်ထားတာက ကလေးမင်းနော်! မင်းလုပ်ထားတာ မေးတာနားလည်တယ်မလား
အဲ့ရက်တွေက ကျောင်းမသွားဘဲ
မင်းဘယ်တွေကိုသွားနေခဲ့တာလဲလို့ !!ဟမ်! "" အဟင့် ... ကိုကို ထယ်က.. အီးဟီးး "
" မျက်ရည်ကျမလာနဲ့လို့ပြောတယ်မလားဘယ်တုန်းကများဒီလိုတွေ
လုပ်တတ်သွားတာလဲလို့ ငါ့ကိုပြောစမ်းပါ .."
ရုတ်တရက်ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသော သူ့လက်ထဲမှဖုန်းမြည်သံကြောင့် ကိုကိုကသူ့ဖုန်းကိုဆွဲယူလိုက်သသည်" ကိုကိုမလုပ်- "
ယူကြည့်လိုက်တော့ ချန်းဆိုတဲ့ကောင်နဲ့ပါးချင်းထိကပ်ပြီးရိုက်ထားတဲ့ပုံနဲ့ ဖြစ်သည်
တရစပ်မြည်နေသောဖုန်းကို ကိုကိုကကိုင်လိုက်သည်
" ကိုကို ! "