Part 23

6.1K 464 42
                                    


Unicode

" ရှင်ဝူးကိုယ်နဲ့တွဲချင်လား.... "

Jungkook ပြောလိုက်တော့ ထိုကောင်လေးကကြောင်ပြီးကြည့်နေသည် သိစေချင်တဲ့လူသားသိပါစေတော့ဆိုပြီး ပြောလိုက်ချင်းသာ ကိုယ့်ကြောင့်နဲ့တွေဝေမနေပဲနဲ့စိတ်တိုင်းကျဆုံးဖြတ်နိုင်ဖို့ရာအတွက် အသုံးချခဲ့ခြင်းသာ

အမူးမပြေသေးတဲ့ပုံနဲ့ထလာပါ‌‌သောကောင်လေးက တဖြေး‌ဖြေးမေးရိုးများထောင်လာသည်အထိ အံကြိတ်ကာထွက်သွားတော့သည် ထိုအခါမှစိတ်ဒုန်းဒုန်းချကာ အရှေ့ကကောင်လေးဆီအကြည့်ရောက်မိတော့ ထိုကောင်လေးက
နားလည်သလိုပြုံး၍ သူ့အားကြည့်နေသည်
အားနာစေရပြီဘေးလူတွေအား..

" ရှင်ဝူး ..ကိုယ် တောင်းပန်ပါတယ်
ကိုယ်လေ ...."

မျက်စိမှိတ်ပြီး သူနားလည်ပါတယ်ဆိုတဲ့ပုံနဲ့ ခေါင်းငြိမ့်ပြသည်

" ကျတော် သဘောပေါက်ပါတယ်
ကျတော့်လူနာအဆင်ပြေဖို့ဆို
ဘာပဲဖြစ်ဖြစ်ရပါတယ်ဆို "

" မင်းကတော့လေ "

CEO ကပြုံးပြီး ခါတိုင်းလိုပဲခေါင်းပေါ်သို့လက်ဖြင့်ပုတ်ကာ ပြုံးသည် ကျတော်ကြောင့်အနည်းငယ်စိတ်ချမ်းသာရင်ပဲ အဆင်ပြေပါတယ်

ကြာကြာမခံပါထိုအပြုံးတွေက...

လေပူတချက်မှုတ်ထုတ်သည် သူ့မျက်နှာလေးပြန်ညိုးငယ်သွားပြန်သည်


" အဆင်ပြေရဲ့လား "

" CEO ပင်းပန်းလိုက်တာ "

ပြုံးသည် ဒီတခါအပြုံးကနာနာကျင်ကျင် အဲ့တခုကိုတော့တကယ်မကြိုက်ဘူး ...

***


" ထယ် ဘာဖြစ်လို့လဲ နေမကောင်းဘူးလား "

" ဘယ်သူမှမရှိတဲ့နေရာကိုပို့ပေးပါလားချန်း "


ကမ်းခြေတခုရဲ့တနေရာ သဲ‌ပြင်ပေါ်ထိုင်ချပြီး ဦးနှောက်ကိုအလုပ်ပေးနေမိသည်

နားမှားကြားတာမဟုတ်ကြောင်း ဦးနှောက်ကအသိပေးနေတယ် သူတကယ်အဲ့လူနဲ့...

𝙾𝚠𝚗𝚎𝚛 [ Completed ] Where stories live. Discover now