Part 4

6.1K 555 26
                                    


Unicode

" ဟုတ် မေမေကြီး ထယ်တို့ညနေလောက် ထွက်လာခဲ့မယ် "

" စားမလာပါဘူး မေမေကြီးရဲ့ ဟုတ်ကဲ့ပါ
ဒါဆို ဒါပဲနော် "

ထယ်ယောင်းဖုန်းပြောလို့အပြီး Laptop ကို မျက်လုံးမခွာပဲတတောက်တောက် နှိပ်ပြီးအာရုံစိုက်နေသော ကိုကို့အားလှမ်းပြောလိုက်သည်

" ကိုကို ညနေစောစောလာခဲ့ပါတဲ့ ဘာမှစားမလာနဲ့ အိမ်ရောက်မှအတူစားကြမယ်တဲ့ "

" ကိုကို ထယ်ပြောတာ ကြားရဲ့လားလို့ "

" ကိုကို့ ! "

" ဟင် ထယ် ဘာလဲ ဘာလဲ "

" ဟာ မပြောဘူးဗျာ အဲ့အလုပ်တွေပဲ လုပ်နေလိုက်တော့ မပြောတော့ဘူး "

" ကလေးလေး ကိုကိုက ညနေ‌အချိန်ပေးဖို့ အပြီးသတ်နေတာပါ ကလေးရဲ့ "

" ‌တကယ် မေမေနဲ့က အကုန်ပြောပြီးသား ကလေးနဲ့ပဲ မပြောရသေးတာ သိရဲ့လား "

ထယ်ယောင်းခေါင်းလေးကုတ်ကာ တွေးစစလေးလုပ်ပြီး

" အော် အဲ့လိုလား "

" ဒါဆိုထယ်တို့ မေမေကြီးအတွက်မွေးနေ့လက်ဆောင်ဘာဝယ်သွားကြမလဲ ဟင် "

" မသိဘူး အဲ့တာတော့ ကလေးစဉ်းစားထား "

ကားလေးက ဒယ်ဂူးက အိမ်ဆီထွက်လာတော့ ပါးစပ်လေးဟကာ အိပ်လိုက်လာသော ကလေးပေါက်စ မအိပ်ခင် ပြောလိုက်တဲ့စကားများက တတွတ်တွတ် မေမေတို့ဆီသွားရမှာမို့လို့ ပျော်နေတာ

မေမေတို့က ကလေးချစ်တတ်သောကြောင့် ထယ်လေးဆို အရမ်းချစ်သည် ကျနော်ကအလုပ်ရှုပ်နေတတ်တာကြောင့် မဆက်သွယ်ဖြစ်ရင်တောင် ကလေးနဲ့တော့ အမြဲ အဆက်အသွယ်ရှိသည်

ထိုကလေးကလဲ သူ့တနေ့တာဘယ်လို ဘယ်ပုံ သူ့ဆီက ဘယ်လူကမုန့်လုစားတာကအစပြောတတ်ပြီး ဖေဖေနှင့် မေမေနဲ့က အမြဲဆုံးမသွန်သင်ပေးတတ်ကာ ချစ်လိုက်တာများသူ့သားအရင်းထပ်ကိုပင် မေ့နေတတ်သည်အထိ

𝙾𝚠𝚗𝚎𝚛 [ Completed ] Dove le storie prendono vita. Scoprilo ora