Unicode
လေယာဉ်စီးပြီး ဟိုကိုရောက်သွားတော့ မနက် ၃:၀၀ ဘေးပတ်ဝန်းကျင်ကိုကြည့်မိတော့ အလင်းရောင်တောင်မရှိသေးရယ်ပါ
လေယာဉ်ပေါ်မှာကထဲက အိပ်ပြီးလိုက်လာခဲ့တာမလို့ ရောက်တော့အိပ်ချင်မူးတူး ဇဝေဇဝါရယ် ကိုကိုကသူဖြစ်နေတဲ့ပုံကိုမြင်ပြီးရီပါသည်
အိပ်ချင်မူးတူးကျနော်က hotel ကအသင့်လာခေါ်ပေးတဲ့ကားပေါ်တောင်မှ ကောင်းကောင်းမသွားနိုင်တော့ပါ သူ့အကြောင်းသိတဲ့ကိုကိုကတော့ လေယာဉ်လှေကားအဆင်းကနေမှကုန်းပိုးကာ ကားထဲသို့ ပို့ပေးသည် တလမ်းလုံးကိုကို့ ပုခုံးပေါ်မှီကာ အိပ်လိုက်လာခဲ့သည်
ရောက်တော့ ကိုကိုက အိပ်ယာပေါ်ချပေးကာ ခေါင်းလေးကိုခပ်ဖွဖွလာပုတ်တာကို သိသေးသည်" ကလေးလေး အိပ်လိုက်အုံး
အစောကြီးရှိသေးတယ်
မနက်မှလျှောက်လည်ကြမယ်"ကိုကို့စကားကိုပင် သူမတုန့်ပြန်နိုင်တော့ပါ အိပ်ချင်မူးတော့ခေါင်းငြိမ့်ပြတော့ ရီသံသဲ့သဲ့ကြားသည် မျက်လုံးပေါ်ကို ဖိကပ်လာသော နှုတ်ခမ်းများကိုလဲ ခံစားမိသေးသည် သူနောက်ဘာမှမသိတော့ပေ...
မနက်ခင်းအလင်းရောင်ကြောင့်သူနိူးလာသည် ကိုကိုကဘေးမှာရှိမနေ
လိုက်ကာများအားဆွဲဖွင့်လိုက်ကြည့်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းက သေလောက်တယ်
ဒီနေရာက.. မဟုတ်မှ
ကိုကိုက မှန်ဘောင်တံခါးများ၏ အပြင်ဘက် တနေရာအမှီကုလားထိုင်ပေါ်တွင် အအေးတခွက်သောက်ကာ ပင်လယ်ကြီးအားငေးနေသည်
ကိုကိုနားသို့ပြေးသွားကာ သူပေါင်ပေါ်တက်ထိုင်လိုက်တော့ လက်များကသူ့ခါးပေါ်သိုင်းဖက်လာပြီး ထိန်းထားပေးသည်