Part 2

7.7K 629 32
                                    

Unicode ver

"စတော်ဘယ်ရီလေးစားပါအုံး ခင်ဗျာ "

ကျတော့်ကုတင်ပေါ် သူ့အိမ်သူ့ယာလိုထိုင်နေသောပေါက်စလေး..  အဝါရောင်ဆွယ်တာလက်ရှည်လေးဝတ်ကာ ထိပ်ကဆံပင်လေးများအား သရေကြိုးအ‌‌ပျော့ လေးဖြင့်စုချည်ထားပြီး စာလုပ်နေဟန်ရှိသည့်ကလေးငယ်အား အသီးပန်းကန်‌ပေးလိုက်တော့ လုပ်လက်စများအား လွှတ်ချကာ

လက်ခနဲဖစ်သွား‌သော မျက်ဝန်းများနှင့်အတူအသီးပန်းကန်နှင့် တစ်ကမ္ဘာဖြစ်သွားသည်။

ခေါင်းလေးအားပုတ်လိုက်တော့ ငုံ့ကာရှောင်သည်

" မနဲစည်းထားရတာ ကလေးဆံပင်ပုံ ပျက်သွားပါ့မယ် ကိုကိုရယ်" တဲ့

အလှမက်နေတဲ့ကလေးကြောင့် ပြုံးမိသည်

" အေးပါကွာ "

" ဒီနေ့ရော ကိုကိုနဲ့အိပ်မှာပေါ့ "

" စာလုပ်ပြီးရင် ထယ့်အခန်းထဲ ပြန်မှာပါနော် "

" ဟုတ်ပါပြီကွာ "

မျက်နှာကြီးမဲ့ကာဟုတ်ပါပြီဆိုပြီး ခေါင်းတငြိမ့်ငြိမ့်လုပ်‌နေတဲ့ ကိုကို ကြောင့်

" ကိုကိုကလဲ ထယ်ကို့အခန်းထဲကို
ပြန်မှာပါလို့ဆို "

" ဟားး...
ဟုတ်ပါပြီ ကိုကို ဘာပြောလို့လဲ ကလေးရ "

" ကိုကိုနော် "

မျက်စောင်းနဲ့ကြည့်ပေး‌လိုက်တော့ ဟိုဘက်လှည့်ကာတဟားဟားအော်ရီနေတဲ့ ကိုကိုရယ်ပါ

" ဘေဘီပိစိ
ကိုကို အလုပ်လုပ်လိုက်အုံးမယ်နော် "

လူကိုလှောင်နေသည့် ကိုကို့အား ဂရုမစိုက်ဘဲ စတော်ဘယ်ရီ ပန်းကန်အား အာရုံအပြည့်စိုက်ပေးလိုက်သည်

နာရီကြည့်မိတော့ 11:30 မပြီးပြတ်သောစာရင်းဇယားများကြောင့် ညဉ့်နက်တာ တညနှစ်ညမဟုတ် ဇက်ကြောတက်လာတာကြောင့် ဟိုဘက်လှည့်ဒီဘက်လှည့်ပြီး လက်ကိုဆန့်ကာ ကြည့်မိတော့

𝙾𝚠𝚗𝚎𝚛 [ Completed ] Dove le storie prendono vita. Scoprilo ora