Part 21

6.1K 485 47
                                    


Unicode Ver

အဲ့နေ့ကစလို့ ချန်းကိုပဲလာအိမ်လာခေါ်စေခိုင်းလိုက်တော့တယ်

ဘာလို့လဲ ?

ထိုသူရဲ့အရင်ကလို  တယောက်ယောက်က ထိတာနဲ့ ‌သွေးပျက်နေတဲ့သူ့ပုံ တယောက်နဲ့ခင်မိတိုင်း သူ့ကိုအချစ်လျော့မှာစိုးတဲ့အနေအထားမျိုးတွေပြတတ်တဲ့ ကိုကို့ပုံ‌စံတွေကို ပြန်မြင်ချင်လို့ ဘာဖြစ်လို့မှန်းမသိ အဲ့အခြေအနေမျိုးကိုပြန်ဖြစ်စေချင်‌နေမိတာ သူလိုချင်ခဲ့တာဒါမျိုးဆိုတာသိပေမယ့် တကယ့်တကယ် ကိုကိုလက်လွှတ်ပေးလိုက်တဲ့အခါ သူမနေတတ်ပါ

အခုဆိုချန်းနဲ့ ဘယ်လောက်ပဲ အတူသွားလာနေတာမြင်ရင်လဲ ထိုသူကဘယ်လိုမှကိုမပြောတော့တာ သူတို့နှစ်ယောက်အပေါ်တွင် အာရုံထားမှု ကိုကိုကတစိုးတစိမျှမရှိတော့ချေ အရာရာကိုသူတို့လုပ်ချင်သလိုလုပ်ခွင့် ရနေသည်

နောက်ဆုံး ချန်းက ညဘက်တွေလာခေါ်လို့လိုက်သွားရင်လဲ သူမသိ သိတော့သိနေမှာပဲ
အရာရာကိုမျက်စိပိတ်နားပိတ်ထားပြီး ဖြစ်ချင်ရာဖြစ် ဘာမှဝင်မချုပ်ချယ်တော့တာ

အရင်ကဆိုအရာရာကို သူ့ခွင့်ပြုချက်ပါမှလုပ်ရတာ သေးသေးလေးကအစအကုန်ဝင်ပြော‌ရှင်းပြပေးနေတတ်တာ ဘာဖြစ်ဖြစ်သူ့ခွင့်ပြုချက်မပါရင် ‌သေးသေးလေးတောင်မလုပ်ခဲ့ရ  အခုဘာလုပ်နေနေ ဘာကိုမှတားဆီးတာမျိူးမရှိတော့ဘူး သူ့ကိုလဲဂရုမစိုက်တော့ဘူး

မနေတတ်ဘူး ဒီလိုဖြစ်ချင်ရာဖြစ်ပစ်ထားတာမျိုးကြီး

ဘယ်ဘက်လက်က ရေခွက်လေး
တခွက်တောင်မကိုင်နိုင်တော့ဘူး
အရင်လိုပြန်ဖြစ်ဖို့ အတော်လေးအချိန်ယူရမယ်ပြောတယ် ပြန်ကောင်းရင်လဲ အရင်ကလိုအကောင်းကြီးမျိုးမဖြစ်နိုင်ဘူး ဝမ်းနည်းမနေဒီအတွက် ဘာခံစားချက်မှကိုရှိမနေ

အသဲနှလုံးတခုလုံး အစိမ်းလိုက်ထုတ်ပြီး တခြားသူစီပေးလိုက်ရတာ တခြားအရာ‌တွေအပေါ်ခံစားချက်တွေထားမနေတော့ဘူး ဘယ်အရာက ဒီ့ထက်နာကျင်ပါလိမ့်မလဲလေ

မသေအောင်သာအစား‌အသောက်တွေစားနေရတယ် နေ့စဉ်လုပ်ငန်းဆောင်တာတွေ ဝတ်ကြေတမ်းကြေလုပ်နေရတယ် တကယ်က အသက်ဆက်ရှင်ဖို့အကြောင်းပြချက်က ဘယ်မှာလဲ..

𝙾𝚠𝚗𝚎𝚛 [ Completed ] Where stories live. Discover now