Unicode
ထိုကိစ္စတွေအပြီး အလုံးစုံအေးချမ်းသွားတဲ့အချိန် ကိုကိုနဲ့အတူထပ်ရောက်လာပြန်တဲ့ ထိုနေရာလေး ဒီတခါတော့တစ်ကမ္ဘာလုံးပိုင်ဆိုင်ထားတဲ့သူလိုလိုဘာလိုလိုဖြစ်နေတဲ့ခံစားချက်
ကြည်နူးမှူအပြည့်ဖြင့်ပျော်နေသည်
အဖြူရောင်လက်ရှည်အပါးလေးဝတ်ထားပြီး အသီးဖျော်ရည်ကိုမသောက်ဘဲလက်တဖက်ကမြှောက်ကိုင်ရင်း ပင်လယ်ဆီမျှော်ကြည့်နေသောကလေးလေး အင်္ကျီများက လေတိုက်နေသောကြောင့် တဖျတ်ဖျတ်လွင့်နေ၏နောက်ဘက်ကနေ ပါးလျပ်လျပ်ခါးသွယ်သွယ်အားဆွဲယူကာ ရင်ခွင်ထဲထည့်ထားလိုက်သည် တထစ်နိမ့်နေသော ပုခုံးလေးပေါ်အားမေးတင်ကာ သူငေးနေသောနေရာဆီ အကြည့်တွေရောက်မိတော့
သိပ်လှတဲ့ Sun set
နီရဲရဲနေလုံးကြီးက အဆုံးထိဝင်လုလု
မမှောင်သေးသော ဝေလီဝေလင်းနေရောင်တွေကြားမှာ ကလေးငယ်ကိုရင်ခွင်ထဲထည့်ပြီး လတ်ဆတ်သောလေကိုရှူသွင်းမိရင်း မျက်လုံးများမှိတ်ကာ ထိုခံစားချက်လေးအား အပြည့်အဝစိတ်ထဲတွင်မှတ်နေလိုက်သည်ကလေးငယ်နှင့် အတူရှိရတဲ့ အချိန်တွေက တန်ဖိုးဖြတ်မရသော အခိုက်အတန့်တွေပါ
ပုခုံးပြေပြေအား နမ်းရှုတ်မိရင်း ကလေးအငွေ့အသပ်များအား အလွတ်ကျက်နေမိသည်
" ကိုကိုသိလား ......."
" ဘယ်လောက်တောင်လှနေတဲ့
မြင်ကွင်းတွေရှိနေပါစေ
အဲ့တာကိုလိုက်ခံစားပေးမယ့်လူ မရှိရင်
အလကားပဲ တန်ဖိုးရှိမှာမဟုတ်ဘူး "" ထယ် ကိုကိုနဲ့မဟုတ်ပဲတခေါက်လာဖြစ်တယ်လေ ချက်ချင်းပြန်လာခဲ့တာဘာ့လို့လဲ ကိုကိုသိလား... "