Unicode Verတနေ့လုံးလဲ စိတ်ကမကြည်တာကြောင့် တခါတည်းနဲ့လုပ်ရမဲ့အလုပ်တွေလဲ နှစ်ခါ သုံးခါပြန်စစ်ရ error တွေအထပ်ထပ်နဲ့ တနေ့လုံးအဆင်မပြေဖြစ်နေရသည်
ကလေးလေးသူ့ကြောင့်ကျောင်းမှာ စိတ်အဆင်မပြေဖြစ်နေရင် ဘယ်လိုလုပ်မလဲ။သူလေးက စိတ်မကြည်လင်ရင် ဘယ်လောက်ရစ်တတ်တာ သူအသိဆုံးလေ
ကလေးအဆင်မပြေဖြစ်နေမှာမကြိုက်ဘူး ကလေးမပျော်မရွှင်ဖြစ်နေမှာကိုမကြိုက်ဘူးဒါတွေကသူ့ကြောင့်ဖြစ်ရတယ်ဆိုရင် ပိုလို့တောင်မကြိုက်လို့ အလိုရှိရာအကုန်ဖြစ်စေသည်။ သူစိတ်တိုင်းကျ မျက်နှာလေးရွှင်နေအောင်အမြဲထားသည်။ သူ့အတွက်မကောင်းမဲ့ကိစ္စတွေကလွဲပြီးပေါ့
အလုပ်ကိုစောဆင်းပြီး ကလေးပြန်အလာကို အိမ်ကနေစောင့်နေလိုက်သည် သူဘယ်လိုမှနေလို့အဆင်မပြေပါလေ
ဖိနပ်လေးချွတ်ပြီး အိမ်ထဲသို့ပြေးဝင်လာသည့်အသံလေးကြားလိုက်သည် သူ့ကိုမြင်တော့ မျက်လုံးလေးပြူးသွားသည်။
" ဟင် ကိုကို ပြန်ရောက်နေပြီလား "
" အင်း စောဆင်းလာခဲ့တာ ကလေးအတွက် အချိန်ပေးချင်လို့ ဘယ်လိုလဲ မနက်ဖြန်အတွက် အဆင်သင့်ဖြစ်ပြီလား "
ခေါင်းလုံးလုံးလေးအားကလေးပိစိတွေကိုပုတ်ပေးသလိုလုပ်ရင်းမေးတော့
" မနက်ဖန်အတွက်တော့ အကုန်လုပ်ခဲ့ပြီးပါပြီ "
" လာ ကိုကိုနဲ့လိုက်ခဲ့ "
ကိုကိုညဘက်ကြီး အပြင်ကိုခေါ်လာခဲ့ပါသည် ကားမောင်းနေတဲ့ ကိုကို့ဘက်တချက် တချက်ကြည့်မိတော့
အနည်းငယ် မှိုင်နေသော ကိုကို့မျက်နှာလေး
စိတ်ဆိုးပြီး ကြာကြာမနေနိုင်တာကြောင့်
အမြန်ပြေလည်အောင်လုပ်ရမယ် သူလဲ ကိုကိုနဲ့ဒီလိုမျိုးကြီး မနေချင်ဘူးလေခေါ်လာတဲ့နေရာက ဟန်မြစ် ညဘက်လေလေးတဖြူးဖြူးနဲ့ တိတ်ဆိတ်ကာ လူများပင်မရှိပါချေ
" ကလေး ဆင်းခဲ့လေ "
" ဒီနားကို လာခဲ့ အသက်ကိုဝအောင်ရူ ဖြေးဖြေးလေးပြန်ထုတ် သုံးကြိမ်လောက် လုပ်ကြည့် "