Unicode ver
ဒယ်ဂူးကအပြန် မေမေထည့်ပေးလိုက်သော ဟင်းဘူးမျိုးစုံကို ပေးသမျှ အပါအိမ်သို့အကုန်သယ်လာခဲ့သော ပေါက်စလေးရယ်ပါဟိုမှာဝယ်စားလို့ရပါတယ်ဆိုပြီးပြောတော့လဲမရ
" မေမေကြီး စိတ်မကောင်းဖြစ်အောင် မပြောပါနဲ့ ကိုကိုကလဲ ထယ်တို့မယူရင် မေမေကြီး စိတ်မကောင်းဖြစ်နေလိမ့်မယ်လေ "ဆိုပြီး
ကိုယ့်ကို ဆရာကြီး ပြန်လုပ်ကာ ဟောက်သွားသော ပေါက်စရယ်ပါ
" Hyung ဆီ တခါတည်းဝင်ရတော့မှာပဲ
ဒီနှစ်တော့ "ဝမ်းနည်းသွားတဲ့ မျက်လုံးလေးတွေက သူ့အကိုကို သတိရသွားဟန်ရှိသည်
" သုံးနှစ်တောင်ရှိသွားပြီ "
" ကိုကိုရေ ထယ်တို့လာတယ် ဒီနှစ်ထယ်ကပိုပြီးချောလာတယ် မဟုတ်လား "
" ထယ် ဒီလိုလေး လှလှပပ
ကြီးပြင်းလာတာကို ကိုကိုကြည့်နေပြီး ပျော်နေတယ်မလားဟင် "" ဒီမှာကြည့်ပါအုံး ထယ့်ကို ကိုကိုကလေ ဂရုစိုက်တယ်အရမ်းပဲ ဒီဆွဲကြိုးလေးက မွေးနေ့လက်ဆောင်ပေးထားတာရ လှတယ်မဟုတ်လားဟင် အင့် "
ပြုံးကာစကားတွေ တတွတ်တွတ်ပြောနေတဲ့ ကလေးက နောက်ဆုံးတွင် ရှိုက်သံလေးများပါနေခဲ့သည်
" ထယ့်ကိုစိတ်မချမဖြစ်ပါနဲ့လို့ပြောချင်လို့ပါ
ကိုကိုပိုကောင်းတဲ့ဘဝမှာ
အဆင်ပြေပြေရှိနေတယ်မလားဟင် .."" ကလေးကို အဆုံးထိ စောင့်ရှောက်ပေးသွားပါ့မယ် စိတ်ချလက်ချထားခဲ့ပြီး ကောင်းတဲ့နေရာမှာ အေးအေးချမ်းချမ်း
အနားယူလို့ရပါပြီ "ထိုအငိုသန်လေးအား ရင်ခွင်ထဲထည့်ကာ ခေါ်လာခဲ့တော့သည် ။
**
ကျောင်းတွေပိတ်ထားထဲက အိမ်မှာ အိပ်လိုက်စားလိုက်နဲ့ ဇိမ်ကျနေတဲ့ ပေါက်စ
သူ့ဆံပင်လေးများကိုလဲ အပြာဘက်သို့ပြောင်းထားသည်
အရင်ကထက်အများကြီးပိုလှလာတဲ့ကလေး