UnicodeTaehyung တနေ့လုံးအခန်းအပြင်ကိုမထွက်.. အခန်းထဲမှာပဲ ငိုလိုက် ထိုအကြောင်းကိုတွေးလိုက် ပြန်တွေးပြီးငိုလိုက်နှင့် မျက်လုံးများက ဖောင်းသည်ထက်ဖောင်းလာသည်
နေ့ခင်းရောက်တော့ ဒေါ်ဒေါ်က အခန်းထဲသို့ ထမင်းလာပို့ပေးသည် လာပို့ပေးတာလဲ မစားချင် ထိုထမင်းများကိုတွေ့တော့ ပိုလို့ပင် ငိုချင်လာသည် ဒီလိုပုံစံမျိုးနဲ့ သူ့ကိုထမင်းကျွေးထားကြမလို့လား အခန်းထဲထည့်ထားကြပြီး အစာလာကျွေးခိုင်းသည်ပဲ သူ့ကိုဘာများထင်နေကြလဲ အပြစ်သားတယောက်လိုသူ့အားပိတ်လှောင်ထားချင်ကြတာလား
ကိုကိုက ကုမ္ပဏီမသွားဘူးထင်ပါရဲ့ ကားထွက်သွားတဲ့အသံမကြားဘူး သူ့ကိုတကယ်ကြီးကျောင်းမတက်ခိုင်းတော့ဘူးလား အခုလဲ မယုံလို့စောင့်ကြည့်နေတာလား အီးဟီးး
လိုက်ကာကိုဆွဲဖွင့်ပြီး ပြတင်းပေါက်အပြင်ကိုကြည့်လိုက်တော့ မလှမ်းမကမ်းမှာ ပြိုင်ကား အနီလေး ရပ်နေသည်
ဒါချန်းရဲ့ကား...ချန်းလဲစိတ်ပူနေမှာ ညက ကိုကိုက သူ့ကိုလဲ ပြောဆိုခဲ့သည်မလား
ချန်းရဲ့ကားကို တွေ့တော့ ပိုငိုချင်လာသည် သူ့ကိုကူညီနိုင်မှာ ချန်းတယောက်သာရှိတော့သည် ထယ့်ကို အပြင်မထွက်ခိုင်းတော့ဘူး ကျောင်းကိုလဲ မသွားခိုင်းတော့ဘူး ထယ့်ကို ကယ်ပါအုံး ချန်းရေ အီးဟီးး
ညရောက်တော့ ထမင်းစားဖို့သူ့ကိုခေါ်ခိုင်းသည် တနေ့သုံးခါသူနဲ့အတူစားရသည် ထမင်းစားခန်းထဲတွင် ဘာသံမှမထွက်ပဲ တိတ်ဆိတ်လျက် နှစ်ယောက်လုံးတွင် အတွေးများကိုယ်စီဖြင့်....
ကိုကိုက သူ့ကိုခေါ်ခိုင်းပြီး ဘာစကားမှမပြောဘဲ ထမင်းကိုဖြေးဖြေးချင်းစားနေသည်
သူ ခိုးကြည့်လိုက်တော့ ကိုကို့၏မျက်လုံးတွေကနီနေသည်
အရင်လိုမျက်နှာလေးက မလန်းဆန်း လုံးဝကိုတည်တင်းထားသည်က အလျော့မပေးသည့်သဘောကိုဆောင်နေသည်လားတော့မပြောတတ် တည်ထားပေမဲ့ ကိုကို့မျက်နှာ ဟာ
လုံးဝမကောင်းတာတော့အမှန်
