{for unicode}
ညနေတောင်အတော်စောင်းနေပြီမလို့
ဒီနေ့တော့ဘယ်မှသွားနိုင်မည်မထင်ပါ"လရိပ်..."
သူအခန်းဆီမှ ထွက်လာတုန်း နောက်ကခေါ်သံ
ကြောင့် လှည့်ကြည့်လိုက်တော့ ပန်းဆီရောင်
ဂါဝန်အတိုလေးနဲ့သူမက သူ့ဆီကိုလှမ်းလာနေသည်"အော် jane"
သူရပ်စောင့်နေတဲ့နေရာကို သူမရောက်တော့
မေးလေးငေါ့ပြရင်းစကားဆိုသည်"ဆောင်းရောမတွေ့ပါလား"
"ဆောင်းက သူ့အိမ်ပြန်သွားတယ် မနက်ကြမှလာခဲ့မယ်တဲ့"
"အော်..."
အချိန်တစ်ခုထိ သူတို့ငြိမ်သက်နေမိကြသည်
ဆက်ပြောစရာစကားစ ရှာမတွေ့နိုင်တာကြောင့်လဲ
ပါပေသည်..."ဟေး နင်တို့နှစ်ယောက်အာ့မှာဘာရပ်လုပ်နေကြတာလဲ"
ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာတဲ့ suzy အသံကြောင့်သူတို့ပြိုင်တူလှည့်ကြည့်မိကြသည်...
suzy အနားကိုရောက်လာသည်ထိ သူတို့နှစ်ဦးလုံးထံမှ အဖြေစကားကို မကြားရသေးပင်
"ဟမ် ဘာလုပ်နေတာလဲ"
"ဘာမှမလုပ်ပါဘူး ဆောင်းကိုမတွေလို့မေးနေတာ"
သူမကပဲ ပြန်ပြောလိုက်ရသည် suzy ကေတာ့
ခေါင်းတညိတ်ညိတ်ဖြင့်..."သွားရအောင်လေ မေမေတို့စောင့်နေကြတယ်"
အပြုံးတစ်ခုနဲ့ဆိုလာတဲ့ သူ့စကားအဆုံးမှာ
အကုန္လုံး အောက်ထပ်ကိုဆင်းလိုက်ကြသည်သူတို့ရဲ့ထမင်းဝိုင်းလေးကရိုးရိုးလေးပါပဲ
စားပြဲခုံ ခပ်ဝိုင်းဝိုင်းအပေါ်မှာ အမည်မသိနိုင်တဲ့
စားသောက်ဖွယ်တစ်ချို့ပြင်ဆင်ထားသည်သူ့ရဲ့အမေကတော့ ခုံတစ်လုံးဆီရဲ့အရှေ့မှာရှိနေတဲ့
စားပွဲပေါ်ကို ပန်းကန်နဲ့ ဇွန်းခက်ရင်း ပြင်ဆင်နေသည်Burmese:"မေမေ ရိပ္ဘာကူရအုံးမလဲ"
အခန်းထဲကိုဝင်ဝင်ချင်းပဲ သူ့အမေနားသွားကာ
စကားတစ်ခွန်းဆိုပေမယ့် သူမတို့တော့
နားမလည်နိုင်ပါ...
YOU ARE READING
Image of Heart (Season 2)
Fanfictionေရစက္ဆိုတာကိုပထမဆံုးအႀကိမ္ ယံုၾကည္ခ်င္မိတယ္ ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်