3 💔

1.4K 141 13
                                    

{For zawgyi}

"Jane!"

Suzy ရဲ့အော်သံကြောင့် သူမစိတ်တွေက
ဤနေရာကိုပြန်ရောက်လာခဲ့သည်

"နင် ငါပြောတာရောကြားရဲ့လား ဘာမှာမလဲဆိုတာလဲဘာမှမပြောဘူး အပြင်ကိုပဲလှမ်းလှမ်းကြည့်နေတယ် ဘာဖြစ်နေတာလဲ"

သူမ စိတ်တွေက အတန်းထဲမှာကျန်နေခဲ့တဲ့
အိပ်မက်မယ် ဆီမှာပဲကျန်နေခဲ့တာကိုတော့
သူမသာသိတော့သည်..

"ဘာမှမဖြစ်ပါဘူးဟာ နင်စားချင်တာမှာ ငါက chocolate milk ပဲသောက်မယ်"

သူမစကားဆုံးတော့ suzy ကမသင်္ကာသလိုကြည့်သည်
ထို့နောက်တွင်တော့ မျက်စောင်းထိုးကာ
Food bar ဘက်ကိုထွက်သွားသည်

သူမလဲ မျက်ဝန်းတွေကို အဝင်ဝဆီကိုသာ
ပို့လွှတ်ရင်း ရောက်ရှိလာမယ့်
တစ်စုံတစ်ဦးကိုမျှော်နေမိသည်

(Burmese):"လရိပ် နင်ဘာစားမှာလာငါတခါတည်းယူခဲ့လိုက်မယ်"

(အခုကစပြီးမြန်မာလိုပြောတာကို Burmese လို့ပြပြီး korea လိုဆို ဘာမှမပြပဲ ပုံမှန်ပဲရေးပါမယ်နော်)

(Burmese):"အင်း ငါ chocolate milk ပဲသောက်မယ်"

ဟော...လာပါပြီ သူမရဲ့အိပ်မက်မယ်...
ဘေးနားက သူနဲ့အတူကျောင်းသူသစ်ဖြစ်တဲ့
ကောင်မလေးနဲ့ စကားပြောပြီးဝင်လာတာ
မသင့်တော်တဲ့ပုံစံမပါပေမယ့်
သူမစိတ်ထဲ သဘောမတွေ့ပဲ တခုခုကို
အလိုမကျဖြစ်နေမိသသည်

ခနကြာတော့ သူမရှေ့ကစားပွဲလွတ်မှာဝင်ထိုင်ပြီး
သူမကိုတွေ့တော့ပြုံးတယ်ဆိုရုံလေး
ခပ်ရေးရေးလေး ခေတ္တမျှာသာပြုံးသည်
သူမလဲ ပြန်ပြုံးပြလိုက်မိသည်

မျက်နှာချင်းဆိုင်ထိုင်မိနေတာကြောင့်
သူမ မလုံမလဲနှင့် စိတ်လှုပ်ရှားနေသလို
သူကတော့ သူ့ဘာသာအေးဆေးလေးထိုင်ရင်း
ပါလာတဲ့စာအုပ်ကိုဖွင့်ဖတ်နေသည်
အစောကသင်ခဲ့တဲ့ဘာသာရပ်တွေကို
ပြန်လေ့လာနေပုံရသည်

အခွင့်အရေးကိုအသုံးချကာ စာထိုင်ဖတ်နေတဲ့
သူ့ကို ငေးကြည့်နေမိသည်မှာ...

At food bar

"Hey ကျောင်းသူသစ်"

ဆောင်းဘေးကခေါ်သံကြောင့်ကြည့်လိုက်
တော့ကောင်မလေးတစ်ယောက်

Image of Heart (Season 2)Tempat cerita menjadi hidup. Temukan sekarang