{for unicode}
"hello"
သူ မနက်စာ စားနေတုန်း ဖုန်းဝင်လာတာကြောင့်
ဖုန်းပြန်ဖြေလိုက်သည် အရှေ့မှ suzy ကတော့
သူ့ဟာသူအေးဆေးသာဆက်စားနေသည်"အင်း လရိပ်လား တို့ပါ Rosè လေ"
သူ့ရဲ့အသိတရားတွေ လှုံ့ဆော်မှုကြောင့်
ခန္ဓာကိုယ်မှာမတ်သွားပြီး မျက်လုံးများကပွင့်ဟလာသည်"ဟုတ်ကဲ့ "
အသာပြန်ထိန်းရင်း တည်ငြိမ်စွာပြန်ဖြေတော့
တစ်ဖက်မှ ခပ်ရွှင်ရွှင်အသံတစ်ခုကြားရသည်"အော် ဖုန်းများမှားသွားပြီလားလို့ လန့်သွားတာ ညနေကြ တို့အိမ်ရဲ့ခြံထဲမှာ ပွဲလေးတစ်ခုစီစဥ်ထားတယ် အာ့တာမင်းလာခဲ့ပါလားလို့ တို့တွေအတွက်အထူးပွဲလေးမို့ မင်းကိုလာစေချင်တယ်"
"ဟုတ်ကဲ့ ရိပ်လာခဲ့ပါ့မယ်"
"okok မျှော်နေမယ်နော်..."
ခပ်သွက်သွက်လေးပြောပြီးချသွားတဲ့ ဖုန်းလေးကို
သူ နားကနေခွာလိုက်ပြီးငိုင်နေမိသည်"ညနေသွားစရာရှိတာလား ငါကနင့်ကိုပါတီတစ်ခုခေါ်သွားမလို့ပါဆို"
suzy အသံကြောင့် သူ့အမူအရာတွေပြန်ပြင်လိုက်ရင်း ကော်ဖီခွက်ကိုလှမ်းယူကာ ပြုံးပြလိုက်သည်
"အင်း မိတ်ဆွေတစ်ယောက်က သူ့ရဲ့အထူးပွဲမို့လာစေချင်တယ်ဆိုလို့ပါ sorry နော် suzy"
ကော်ဖီသောက်ရင်း သူ suzy ကိုအားနာစွာကြည့်လိုက်သည်
"အာ မဟုတ်တာ...ရပါတယ် နင့်မှာလဲ personal case ဆိုတာရှိတာပဲလေ ငါကလဲနင့်ကို ခေါ်ချင်တာက စိတ်ဝင်စားစရာပါတီတစ်ခုမလို့ဟ "
သူ ခပ်ပြုံးပြုံးသာကြည့်ရင်းကော်ဖီဆက်သောက်နေမိသည် suzy ကထောပတ်သုတ်ထားတဲ့ပေါင်မုန့်
တစ်ချပ်ကိုပါးစပ်ထဲကောက်ဝါးလိုက်သည်"ငါတို့အသိုင်းအဝိုင်းမှာဆို အင်အားတောင့်တယ်လို့ပြောလို့ရတယ်...နင် kim gp နဲ့ CJ gp ကိုသိတယ်မလား တကယ့်ဒိတ်ဒိတ်ကျဲပဲလေ"
suzy ရဲ့မပီမသစကားတွေကြား ကော်ဖီကိုင်သောက်တော့မယ့်သူ့ရဲ့လက်တွေက ရပ်တန့်သွားခဲ့သည်
ဟန်မပျက်ပင်ထားလိုက်ကာ suzy ပြောလာမှာကိုသာနားစွင့်နေလိုက်သည်
YOU ARE READING
Image of Heart (Season 2)
Fanfictionေရစက္ဆိုတာကိုပထမဆံုးအႀကိမ္ ယံုၾကည္ခ်င္မိတယ္ ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်