{for unicode}
သူတို့ အိမ် ဧည့်ခန်းထဲမှာ လူတွေစုဝေးနေကြသည်
သူ့အဖေ ဦးမြင့်မြတ်ဟိန်းရော အမေ ဒေါ်ခင်သက်ထားရော haru တို့ပါအတူရှိနေကြသည်
ထို့အပြင် သူနဲ့သူမ လဲဘေးချင်းကပ်ထိုင်နေကြသည်
ဆောင်းကတော့ အားလုံးရဲ့ဘေးမှာ မတ်တပ်ကလေးရပ်နေသည်..."မောင် haru တို့ လာမှာ အန်တီတို့ကိုအကြောင်းကြားရောပေါ့ လာကြိုရအောင်"
ဒေါ်ခင်သက်ထားက သူတက်မြောက်ပြီးသား
ဘာသာစကားကိုကျွမ်းကျင်စွာပြောသည်
သူပင်အံ့သြလောက်သည်အထိ...မေမေဘယ်တုန်းကများ တက်မြောက်ခဲ့တာလဲ"ရပါတယ် အန်တီ ကျွန်တော်လဲ ညီမလေးကိုမကြည့်ရက်တော့တာမို့ ကျွန်တော်ကပဲ အလျှော့ပေးလိုက်တာပါ ဒါကြောင့်အခုကျွန်တော်ကိုယ်တိုင်လိုက်ပို့ရတာပါ"
"ကောင်းတာပေါ့ကွယ် မောင်ရင်လဲ မကြာမကြာ လာလည်ပေါ့ အန်တီတို့က အမြဲကြိုဆိုပါတယ်"
Burmese:"ခင် ကလေးတွေကိစ္စ အစီအစဥ်လေးပြောအုံးလေ"
သူ့အဖေက ဝင်ပြောသည် သူတစ်ချက်တော့
ဇဝေစဝါ ဖြစ်သွားသည် ဖေဖေကရော ဘာလို့
မေမေတို့ပြောတာကို နားလည်နေတယ်လို့
သူခံစားမိနေရတာလဲBurmese:"အင်းပါ ကိုရဲ့ ခင် အခုပဲပြောတော့မလို့"
"ဒါဆို အန်တီတို့ ကလေးတွေကို ဒီမှာအရင် ထိမ်းမြားပေးကြတာပေါ့ ပြီးရင် တစ်ခေါက်ဟိုကိုသွားကြပြီး
ထပ်လုပ်ကြမယ် မောင်ရင်လဲ အခေါက်ခေါက်အခါခါတွေမဖြစ်တော့ဘူးပေါ့ ရိပ်ကလေးကပြောဖူးတယ် သမီး jane က အခုလိုမျိုးလက်ထပ်ချင်တာတဲ့ အန်တီတို့ဘက်ကဖြည့်ဆည်းပေးတာပါ"ဒေါ်ခင်သက်ထားက ခင်ပွန်းဖြစ်သူကို ခပ်ပြုံးပြုံးပြောပြီးတစ်ဆက်တည်း haru ကိုပါပြောလာသည်
haru ကတော့ ပြုံးရွှင်နေတဲ့ ညီမဖြစ်သူရဲ့
မျက်နှာလေးကိုကြည့်ရင်း သက်ပြင်းဖွဖွချကာ
ပြုံးလိုက်သည်"ဟုတ်ကဲ့ အန်တီတို့သဘောအတိုင်းသာ စီစဥ်ပါ ကျွန်တော်လက်ခံပါတယ်"
"ရိပ်ကလေးတို့သဘောကရော..."
သူက သူမကို ငဲ့ကြည့်ရင်း သူမ ဆန္ဒကိုဦးစားပေးသည်
ŞİMDİ OKUDUĞUN
Image of Heart (Season 2)
Hayran Kurguေရစက္ဆိုတာကိုပထမဆံုးအႀကိမ္ ယံုၾကည္ခ်င္မိတယ္ ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်