{for unicode}
ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ chae ရဲ့
နံဘေးမှာ ji ထိုင်စောင့်နေတာ chae ရဲ့လက်လေးကိုလဲ ဆုပ်ကိုင်လို့ မျက်ရည်လေးတွေနဲ့ ji က
တော်တော်လေး စိုးရိမ်ပူပန်နေသယောင်
ဘေးနားတွင်လဲ ခပ်ငယ်ငယ်ကောင်မလေး
တစ်ယောက်မတ်တပ်ရပ်စောင့်နေသည်"ကျေးဇူးတင်ပါတယ် သမီးရာယ်...သမီးသာမရှိရင် သူ တစ်ယောက်တည်း ဘလိုဖြစ်နေမလဲမသိဘူး"
ji က ကောင်မလေးကိုလှမ်းပြောနေသည်
"ရပါတယ် အန်တီရဲ့ သမီးလဲဘာရာယ်မဟုတ် ဖြတ်သွားရင်း တွေ့လိုက်တာ"
"သမီးကကူညီပြီး ဆေးရုံကားခေါ်ခဲ့ပေးလို့ပေါ့ကွယ် မဟုတ်ရင်..."
အသံကတိမ်ဝင်သွားကာ ငိုကြွေးနေတဲ့ ji ကို
ကောင်မလေးက ပွေ့ဖက်ကာနှစ်သိမ့်လိုက်သည်"အခုအားလုံးအဆင်ပြေနေပါပြီ ဘာမှစိတ်မပူနဲ့နော် အန်တီ"
ဆံပင်တိုတိုခပ်ဝဲဝဲနဲ့ကောင်မလေးက ချစ်စရာကောင်းသောကောင်ငယ်လေးလိုပင်
"အ ကျွတ်စ် ကျွတ်စ်"
ရုတ်တရက်ညည်းလာတဲ့ chae ကြောင့် ji အမြန်
ထလိုက်ပြီး chae ရဲ့ လက်လေးလေးကိုဆုပ်ကိုင်ကာ
မျက်နှာလေးပေါ်ကဆံပင်တွေကိုသပ်တင်ပေးရင်း"chae...chae အရမ်းနာနေလားဟင်...ဟင့် ဟင့်...အဟင့်..."
"unnie ရာယ် မငိုပါနဲ့"
လေသံလေးနဲ့ပြောလာတဲ့ chae ကအားမရှိသေးပုံ
"သက်သာရဲ့လားဟင် ခေါင်းကနာနေသေးလား unnie အရမ်းစိတ်ပူနေတာ"
မျက်ရည်တွေဝိုင်းလျက်ပြောနေတဲ့ ji ကို ခပ်ရေးရေး
ပြုံးပြလို့နေသည်"တောင်းပန်ပါတယ်...unnie ကိုစိတ်ပူစေခဲ့မိလို့"
"တောင်းပန်မယ့်အစား နောက်ခါမဖြစ်အောင်ပဲ ဂရုစိုက်ပါ"
"ဟုတ်ကဲ့ပါ..."
ji မျက်ရည်တွေသုတ်လိုက်ပြီး
"ခနလေးနော် ဆရာဝန်သွားခေါ်လိုက်အုံးမယ်"
"doctor ကိုမခေါ်ခင် ခနလောက်ဖက်ထားပေးပါလား"
ထွက်သွားတော့မယ့် ji ရဲ့လက်ကို chae လှမ်းဆွဲကာ
ပြောတော့ ji ကအောက်နှုတ်ခမ်းလေးကိုကိုက်ရင်း
VOCÊ ESTÁ LENDO
Image of Heart (Season 2)
Fanficေရစက္ဆိုတာကိုပထမဆံုးအႀကိမ္ ယံုၾကည္ခ်င္မိတယ္ ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်