{For zawgyi}
လမ်းပေါ်မှာအရှိန်နှုန်းနဲ့ပြေးနေတဲ့
ကားလေးရဲ့နောက်မှာတော့
ဖုန်မှုန့်တွေကတလိပ်လိပ်ဖြင့်ကျန်နေခဲ့သည်ဈေးထဲကအဖွားအိုတစ်ဦးထိုင်နေတဲ့
ဆိုင်တန်းလေးရှေ့အရောက်မှာ
ကားလေးဟာတုန့်ခနဲရပ်တန့်သွားသည်
ကားပေါ်ကသူဆင်းလိုက်သည်နှင့်
အဖွားကပြုံးပြနေသည်
ထို့အတူသူလဲထပ်တူညီစွာပြန်ပြုံးပြလို့"ဘွား ရောက်နေတာကြာပြီလား"
သူကားနောက်ဆီသွားပြီး ပန်းစည်းတစ်ခုကို
ပွေ့ပိုက်ကာလှမ်းယူရင်းမေးလိုက်တော့
အဘွားကခေါင်းလေးအသာခါရင်း
သူ့ဆီကပန်းစည်းကိုလည်းလှမ်းယူရန်
ပြင်နေသည်..."မကြာသေးပါဘူး ရိပ်ကလေးရဲ့ ဘွားခုနကမှရောက်တာပါ ပေးပေးဘွားကို"
သူအဘွားကိုရှောင်လိုက်ပြီး ဆိုင်ခုံပေါ်ကို
ပန်းစည်းတင်ကာအဘွားဆီပြန်ကြည့်ပြီး"ရပါတယ်ဘွားရာယ် ထိုင်နေနော် ရိပ်အားလုံး
ချပေးပါ့မယ်"ထိုတော့မှအဘွားကဆိုင်နောက်ကိုပြုံးပြုံး
ဖြင့်သွားတော့သည်...သူလဲအဘွားအတွက်
ပန်းစည်းတွေချပြီးတော့ အနားကိုသွားထိုင်ကာ"ရောင်းကောင်းပါစေနော်ဘွား"
သူပြောနေကြဆုတောင်းစကားလေးပြောပေး
တော့အဘွားကရီလိုက်ပြီး"ရိပ်တို့ပန်းတွေကလှတော့ ဘွားရောင်းကောင်းတာပေါ့"
သူနဲ့အဘွားပြိုင်တူပြုံးမိကြသည်
"ဒါနဲ့ ဆောင်းရောမပါဘူးလား..."
ခါတိုင်းပါလာနေကြဆောင်းကိုမမြင်တော့
အဘွားကဝေ့ဝဲကြည့်ရင်းမေးလာသည်
သူလဲအဘွားကိုပြုံးပြကာ"ဟုတ်တယ်ဘွား သူလုပ်စရာရှိလို့တဲ့
ဒီနေ့တော့ရိပ်နဲ့မလိုက်ဖြစ်ဘူး""အော် အေးအေး"
အဘွားကခေါင်းတညိတ်ညိတ်ပြောသည်
"ရိပ် နိုင်ငံခြားကိုပညာသင်သွားရမယ်ဆို"
ခနအကြာမှစကားဆက်လာတဲ့အဘွားကို
သူခေါင်းညိတ်ပြလိုက်ပြီး
STAI LEGGENDO
Image of Heart (Season 2)
Fanfictionရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ် ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်