20 💔

1.1K 115 0
                                    

{for unicode}

နေခြည်နုနုက အခန်းတွင်း၏ကြမ်းပြင်ထက်ဝယ်
ဖြာကျနေသည် လူသားနှစ်ယောက်ကတော့
ကုတင်ထက်ဆီမှာ တစ်ယောက်ကိုတစ်ယောက်
ပွေ့ဖက်ကာ အိပ်မောကျနေတုန်း...

ဖြေးညှင်းစွာတိုက်ခတ်လာတဲ့လေညှင်းအချို့ကြောင့်
အခန်းစည်းဖြူဖြူက တလွင့်လွင့်ဖြစ်နေသည်

"အွန်း..."

အေးစက်လာတဲ့လေထုကြောင့် သူမက
မျက်လုံးတွေကိုပိတ်ထားလျက်ပင်ညည်းညူသည်
စောင်ပုံထဲကို ပိုမိုတိုးဝင်ကာ သူ့ရင်ခွင်ထဲ
မျက်နှာတိုးကပ်ကာ ဆက်လက်အိပ်နေတဲ့သူမ...

လှုပ်လှုပ်ရွရွ ဖြစ်လာတဲ့ သူမကြောင့်
သူက စောင်ထဲကလက်ကိုအပြင်ကိုထုတ်တော့
ဟာလာဟင်းလင်းဖြစ်နေတဲ့ ပုခုံးသားနီစွတ်စွတ်က
ထင်းခနဲပေါ်လာသည် အေးလို့ အနားတိုးကာ
အိပ်နေတဲ့သူမကို အသာငုံ့ကြည့်ရင်း ပြုံးရသည်

"honey..."

လေသံလေးနဲ့သူခေါ်တော့ သူမက ငြိမ်သက်စွာပင်

"အိပ်အုံးမလို့လား..."

သူမကတအီးအီးတအဲအဲလုပ်ကာ သူ့ရင်ခွင်ဆီ
တိုးတထက်ပိုတိုးဝင်လာသည်

"မိန်းမတစ်ယောက်ရဲ့ အိပ်ရာထချိန်က အာ့ဒိမိန်းမရဲ့ သဘာဝအလှတဲ့"

"အာ့တာဘာဖြစ်လဲ..."

ဒီတစ်ကြိမ်တွင်တော့ ​မှေးစင်းနေတဲ့ မျက်လုံးတွေနဲ့
မော့ကြည့် လာတဲ့သူမ...

"ရိပ် မိန်းကလေးရဲ့သဘာဝအလှကိုကြည့်ချင်လှပြီ"

"ဒါများ darling ရာယ် ကျွန်မအိပ်နေချိန်ကြည့်ပေါ့ နောက်မှကြည့်လဲရတာကို"

အိပ်ချင်နေတာနဲ့ပဲ ဂျစ်ကန်ကန်လေးပြန်ပြောလာတဲ့သူမကို စောင်အောက်မှ ခါးကိုဆွဲယူကာ
ဖက်လိုက်သည်...

"oh...darling"

"ဒီလိုလေးကြည့်ချင်တာဆိုရင်ရော..."

သူမကရုတ်တရက်လန့်သွားဟန် မျက်လုံးလေးက
ဝိုင်းစက်ကာ ကြည့်နေသည်မှာ

ပါးဖောင်းဖောင်းလေးနဲ့ ဒီအူယားဖွယ်မိန်းကလေးကို
အခုပဲ သူအမြန်နမ်းပစ်လိုက်ချင်သည်
အတွေးတွေနဲ့အတူ မျက်နှာနားနီးကပ်သွားတော့
သူမက လွတ်နေတဲ့လက်နဲ့ကွယ်ကာ မျက်နှာကိုလွှဲသည်...

Image of Heart (Season 2)Donde viven las historias. Descúbrelo ahora