{for unicode}
"ငါ့ကိုလွှတ်ပေးပါတော့ဟာ တောင်းပန်ပါတယ် ငါမင်းတို့နဲ့ဘာအညိုးတွေများရှိခဲ့ဖူးလို့လဲ ငါ့ကိုစောင့်နေတဲ့အမျိုးသမီးနဲ့ ငါ့သမီးလေးရှိသေးလို့ပါ ငါတောင်းပန်ပါတယ်ကွာ..."
တစ်ယောက်တည်းအော်ဟစ်ကာ ငိုကြွေးရင်း
ပြောနေတုန်း အခန်းနားကိုလူတစ်ယောက်ရောက်လာသည်...အလုံပိတ်ထားတံခါးအောက်ခြေအပေါက်နားကနေ ထိုသူရဲ့ခြေထောက်ကိုတွေ့နေရသည်
တန်ဖိုးကြီးတောက်ပြောင်တဲ့ ဖိနပ်တစ်ရံနဲ့
ထိုသူက ခန့်ညာစွာတည်ရှိနေသည်..."မင်းကို သူတို့မျှော်နေအုံးမယ်လို့ထင်နေတာလား နှစ်တွေအကြာကြီးပျောက်နေခဲ့တဲ့မင်းကိုလေ"
ကြည့်နေတုန်းမှာပဲ ပြောလာတဲ့စကားတွေကြောင့်
ငိုင်ကျသွားရသည်..."ဒါနဲ့အခုချိန် မင်းသမီးလေးသာ အသက်ရှိသေးတယ်ဆို...အင်း...အပျိုပေါက်ကြီးတောင်ဖြစ်ရောပေါ့"
သူ့စကားတွေကြောင့် ငယ်ငယ်တုန်းက ရင်ခွင်ထဲမှာ
တယုတယပွေ့ချီခဲ့ရတဲ့ နီတာရဲကလေးလေးကို
မျက်လုံးထဲမြင်ယောင်လာမိသည်"သမီးလေး..."
မျက်ရည်အပြည့်နဲ့တမ်းတမ်းတတခေါ်မိပြီးနောက်မှာတော့ ထိုသူရဲ့ဟက်ဟက်ပက်ပက် ရီမောသံက
ထွက်ပေါ်လာခဲ့သည်..."ဟားဟားဟား...မင်းသမီး အခုချိန်ထိအသက်ရှိသေးတယ်လို့ထင်နေသေးတာလား Park Chaeyoung"
သူ့စကားတွေကြောင့် စိတ်တွေလေးလံလာသည်
ပြောပုံအရဆို သမီးက အသက်မရှင်တော့ဘူးလို့
ပြောချင်နေတာလား..."မင်းမေ့သွားပြီလား မင်းရဲ့ချစ်လှစွာသောသမီးလေးက အာ့ဒိနေ့က မီးလောင်တဲ့ထဲပါသွားပြီလေ ဟားဟားဟား..."
ဟားတိုက်ရီမောကာ ခံစားချက်တွေကိုလှောင်ပြောင်ရင်း ပြောနေတာကြောင့် သူမ မျက်နှာမှာ
မျက်ရည်တွေဖြင့်စိုရွှဲနေတော့သည်...flash back...
မီးခိုးငွေ့တွေ တလူလူ ထွက်နေတဲ့ အိမ်ထဲမှာ
chae တစ်ယောက် နှာခေါင်းကိုပိတ်ရင်း
ပြေးသွားမိသည်က သူတို့ရဲ့သမီးလေးဆီ
အခန်းရှေ့ရောက်တာနဲ့ တံခါးကိုဖွင့်ကာ
ဝင်သွားလိုက်တော့ ပုခက်ထဲတွင် ငုတ်တုတ်လေး
ထိုင်နေရာမှ သူမဆီလှည့်ကြည့်လာတဲ့ကလေးလေး
ကလေးအခန်းတွင်တော့မီးခိုးငွေ့တွေကမဝင်ရောက်သေးပါ သို့ပေမယ့် သူမ တံခါးဖွင့်လိုက်တော့
အပြင်မှ မီးခိုးတွေကဝင်လာသည် အမြန်အထဲကိုဝင်ကာတံခါးကိုပိတ်လိုက်ပြီး ပုခက်ထဲက
သမီးလေးကိုပွေ့ချီလိုက်သည်...
YOU ARE READING
Image of Heart (Season 2)
Fanfictionေရစက္ဆိုတာကိုပထမဆံုးအႀကိမ္ ယံုၾကည္ခ်င္မိတယ္ ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်