{for unicode}
ji နဲ့ chae တို့ဆိုင်တစ်ဆိုင်မှာ မနက်စာဝင်စားနေကြသည်
"ji"
ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ သူတို့ရှိရာဆီ
လှမ်းလာနေတဲ့ irene"ဟယ် rene လာထိုင်လေ"
irene က chae ကိုမြင်ပုံမပေါ် ဝင်ထိုင်ပြီးကာမှ
အရှေ့က chae ကိုတွေ့ပြီး တအံ့တသြကြည့်နေသည်"Rosè.."
တိုးညင်းလှသောအသံနဲ့ဆို့နင့်စွာဆိုလာတဲ့ irene...
အံ့သြထိတ်လန့်မှုနဲ့အတူ မျက်ရည်တွေလဲ
ရစ်ဝိုင်းနေခဲ့သည်..."ဟုတ်ပါတယ် ကျွန်မ ပါ rene မတွေ့တာကြာပြီနော်"
ခပ်ပြုံးပြုံးပြောနေတဲ့ chae ကမျက်ဝန်းတွေမှေးမှိတ်လို့....
"တကယ်ပဲ Rosè လား ကျွန်မ အမြင်မှားနေတာတော့မဟုတ်ဘူးမလား ရှင် ကသေသွားပြီဆို"
ပါးစပ်ကိုလက်နဲ့အုပ်ကိုင်ရင်း မယုံကြည်နိုင်စွာ
ပြောနေတဲ့ irene ရဲ့လက်ကို ji ကဆုပ်ကိုင်ကာထားသည်..."သေရာကပြန်ရှင်လာတယ်ပဲဆိုပါတော့"
"ဟမ် ဘလို..."
chae ရဲ့အပြောကို irene ကမေးသည်
ထို့နောက်တွင်တော့ chae ကသူကြုံရခဲ့သမျှကို
နောက်ကြောင်းဖော်ကာပြောပြနေသည်irene ကတည်ငြိမ်သွားခဲ့ပြီ အရာရာကို
သဘောပေါက်နားလည်ကာ စိုစွတ်ဆဲမျက်ရည်စ
အချို့ကိုလက်မနဲ့ဖိသုတ်နေသည်"ရှင်တော်တော် ပင်ပန်းခဲ့မှာပဲနော် Rosè..."
Irene ရဲ့ဂရုဏာအပြောကို chae ကပြုံးသည်
"ကျွန်မထပ်စာရင် unnie ကပိုပင်ပန်းခဲ့မှာ"
ဘေးနားက ji ရဲ့ဆံစတွေကိုသပ်တင်ရင်း
ပြောနေလိုက်တာ ji ကလဲကြည်နူးစွာပြုံးလို့"ကျွန်မ အခုအရမ်းသိချင်နေတာက သမီးလေးပဲ သမီးလေးက ကျွန်မနဲ့အတူ သူတို့ဆီပြန်ပေးဆွဲခံခဲ့ရတာ ဒါပေမယ့် ကျွန်မ နိုးလာတည်းက သမီး...သမီးလေး...ကို လုံးဝမတွေ့တော့ဘူး..."
အဆုံးမှာတိမ်ဝင်သွားကာ မျက်နှာကိုငုံ့ချရင်း
ငိုကြွေးနေတဲ့ chae ကို ji လဲ ပြန်ဖက်ပေးကာ
မျက်ရည်တွေကျနေမိသည်
YOU ARE READING
Image of Heart (Season 2)
Fanfictionေရစက္ဆိုတာကိုပထမဆံုးအႀကိမ္ ယံုၾကည္ခ်င္မိတယ္ ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်