{for unicode}
Burmese"ရိပ်ကလေး..."
ဒေါ်ခင်သက်ထားက သူ့နာမည်ကို တုန်လှုပ်စွာ
ခေါ်ပြီးယိုင်နဲ့နေတဲ့ခြေထောက်တွေကိုအားပြုကာရပ်သည်Burmese"အစောက ရိပ်ကြားခဲ့တာက ဘာတွေလဲမေမေ"
သူကအမေဖြစ်သူကိုမကြည့်ပဲ မျက်နှာလွှဲရင်းကပဲ
မေးနေသည် ပြိုလဲနေမယ့် မေမေ့ပုံရိပ်ကို
သူ မကြည့်ရက်နိုင်ပေBurmese"ဖေဖေ့အမှားတွေပါ သမီးရာယ် ခင်က ဖေဖေကိုတားနေရက်နဲ့ ဖေဖေတဇွတ်ထိုးလုပ်ခဲ့မိတာတွေပါ အား...ဖေဖေ...အား..."
ဦးမြင့်မြတ်ဟိန်းက ပြောနေရင်းဖြင့် ရင်ဘတ်ကိုစုပ်ကိုင်ကာ လဲကျသွားသည်
Burmese"ကို...ကိုရေ...ကိုသတိထားပါအုံး ခင်ခေါ်နေတယ်လေ"
Burmese"ဟင် ဖေဖေ...ဖေဖေ...စိတ်ကိုထိန်းနော် ရိပ်တို့ရှိတယ် မေမေ ဖေဖေ့ကိုခနကြည့်ထားလိုက်နော် ရိပ်ဆရာဝန်သွားပင့်ခဲ့မယ်"
စိတ်ပူပန်စွာ ထွက်သွားတဲ့ သမီးဖြစ်သူကိုတလှည့်
လက်ပေါ်က ခင်ပွန်းသည်ရဲ့မျက်နှာကိုတစ်လှည့်
ကြည့်ရင်း ခင်သက်ထား ဝမ်းနည်းစိတ်ပျက်စွာ
ငိုကြွေးနေခဲ့သည်Burmese"မေမေ ဘာဖြစ်တာလဲဟင် ဖေဖေဘာဖြစ်လို့လဲ သူကြာနေလို့ သမီးလိုက်လာလိုက်တာ"
ခနလောက်ကြာတော့ သူမကရောက်လာပြီး
အခန်းထဲမှာပုံမပျက်ရှိနေတဲ့ ဒေါ်ခင်သက်ထားဘေး
အသာဝင်ထိုင်ချကာ ပုခုံးလေးကိုကိုင်ရင်းမေးသည်Burmese"မေမေလဲမသိတော့ပါဘူး jane ရာယ် အဟင့်ဟင့်"
ငိုနေတဲ့ ယောက္ခမဖြစ်သူကို သူမပွေ့ဖက်ထားပေးရသည်
Burmese"အရင်ဆုံး သမီးတို့ ဖေဖေ့ကိုကုတင်းပေါ်တင်ပေးရအောင်နော် ကြမ်းပြင်ကအေးတယ်"
နှစ်ယောက်ပေါင်းကာ တစ်ယောက်က လက်မောင်းရင်းကမ နောက်တစ်ယောက်ကခြေထောက်မရင်း
ကုတင်ပေါ်တင်ပေးရသည် သူမက မပေါ့မပါးနှင့်မို့
ထိခိုက်မှာစိုးရိမ်သည့် ဒေါ်ခင်သက်ထားက ဂရုစိုက်ရန်သတိပေးရသေးသည်မိနစ်အနည်းငယ်ကြာတော့ ဆရာဝန်နဲ့အတူ
ချွေးတွေရွှဲနေတဲ့ သူပါပြန်ရောက်လာကြသည်
ŞİMDİ OKUDUĞUN
Image of Heart (Season 2)
Hayran Kurguေရစက္ဆိုတာကိုပထမဆံုးအႀကိမ္ ယံုၾကည္ခ်င္မိတယ္ ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်