23 💔

1K 118 23
                                    

{for unicode}

Burmese:"ညီမလေး အစ်မကို ငါးမြစ်ချင်းလေးပေး"

စျေးထဲတွင် လူသံမျိုးစုံနှင့်ဆူညံနေပေသည်
ဗိုက်ဖုံးအင်္ကျီ ဂါဝန်လေးနဲ့ သူမက
ခြေထောက်ဖောင်းဖောင်းလေးတွေကို
ကတ္ထီပါဖိနပ်ပါးလေးစီးကာ ဘေးမှ ခြင်းတောင်း
တစ်လုံးနှင့် သူ့လက်မောင်းကိုတွယ်ချိတ်ထားသည်
ဒေါ်ခင်သက်ထားကတော့ ပိုက်ဆံအိတ် လက်က
ကိုင်ကာ ငါးဝယ်နေသည်

Burmese"ဟုတ်မမ တစ်ကောင်ကို ၂၅၀၀ ဘယ်နှစ်ကောင်ယူမလဲ မမ"

Burmese "ဟင် ၂၀၀၀ ပဲထားကွယ် 15 ကောင်ယူမယ်"

Burmese"၂၀၀၀ တော့မလုပ်ပါနဲ့ မမရာယ်
၂၃၀၀တော့ပေးပါ ကျွန်မအမြီးပိုင်းပိုထည့်ပေးလိုက်မယ်လေ"

Burmese"အေးအေး ထည့်လိုက် ​အကောင်ကြီးတာရွေးထည့်နော်"

Burmese"ဟုတ်ကဲ့မမ..."

ကိုယ်တိုင်ပါ ဝင်ရွေးနေတဲ့ ဒေါ်ခင်သက်ထားကို
နောက်ကကြည့်ရင်း သူမ ကရီနေသည်

"ခစ်ခစ် မေမေက စျေးဆစ်တတ်လိုက်တာ"

"ဒါလျှော့ထားတာ honey ရဲ့"

နှစ်ဦးသားပြုံးနေကြတဲ့ သူတို့ကို ဒေါ်ခင်သက်ထား
လှည့်ကြည့်လာကာ မျက်မှောင်ကြုတ်လိုက်သည်

Burmese"ငါ့အကြောင်းပြောမနေပဲ ဟိုဘက်မှာ ကြက်သွန်ဥ သွားဝယ်ကြ...အလုံးသေး တစ်ခါဝါးစာနော် အလုံးသန့်ကိုသေချာရွေးထားကြ မေမေနောက်ကလိုက်ခဲ့မယ်"

သူတို့ခေါင်းညိတ်ပြကာ တစ်ဖက် ကုန်စုံဆိုင်တွေဘက်ကိုအတူလျှောက်လာကြသည်

"သတိထားနော် honey လမ်းက ချော်နေတယ်"

သူမကတော့ ပြုံးနေသည်သာ

Burmese"ကြီးကြီး ကြက်သွန်နီ ဘယ်လိုရောင်းလဲရှင့်"

သူက သိမ်မွေ့သူပီပီ ချိုသာစွာပင်မေးသည်

Burmese"ဒီအသေးလေးတွေလား ကလေး တစ်ဆယ်သား သုံးရာ"

သူပြောမယ်ကြံရွယ်တုန်း လက်ကို ဆွဲလိုက်တဲ့
သူမ ကြောင့် လှည့်ကြည့်တော့ လက်ကာ ကာတားနေသည်

Burmese"မများဘူးလား ကြီးကြီးရဲ့"

သူ့ကိုကျော်တက်ကာ မေမေ့စတိုင်လိုက်တုခိုး
နေတဲ့ သူမပုံစံကို သူဟန်မဆောင်နိုင်စွာ ရီမိသည်

Image of Heart (Season 2)Where stories live. Discover now