{for unicode}
"အရိပ်...နောက်ကျတယ်နော်"
သူအိမ်ရောက်ရောက်ချင်းဧည့်ခန်းမှာ
ထိုင်စောင့်နေတဲ့ chae ကမတ်တပ်ရပ်လိုက်ရင်း
ပြောလာသည်"အာ...ဟုတ်တယ် Rosie ကမအိပ်သေးဘူးလား"
"အင်း စောင့်နေတာ အရမ်းနောက်ကျနေတော့လေ"
"စိတ်မပူပါနဲ့ ရိပ်အချိန်ပိုင်းအလုပ်လေးတစ်ခုလုပ်နေလို့ပါ"
chae ကမျက်နှာလေးငယ်စွာ ခေါင်းငုံ့သွားသည်
"rosie ကြောင့်မဟုတ်ပါဘူး ရိပ်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စလေးကြောင့်ပါ"
"အင်းအင်း အိပ်တော့လေ"
"ဟုတ် good night"
သူနှုတ်ဆက်ကာအခန်းထဲဝင်လာခဲ့သည်
chae လဲသက်ပြင်းဖွဖွချကာ ကိုယ့်အခန်းကို
ဝင်လာခဲ့လိုက်သည်...Next day
ကျောင်းတက်ချိန်တွေကတော့ပုံမှန်ပဲလည်ပတ်
ခဲ့သည် သူကလည်း စာကြည့်တိုက်သွားလိုက်
စာအုပ်ဖတ်လိုက်နဲ့ပင်...တစ်ခုပိုလာသည်က
အေးဆေးနေတတ်တဲ့သူ့ကို လိုက်နှောင့်ယှက်နေတတ်တဲ့ကောင်မလေးတစ်ယောက်ပိုလာတာပင်ဖြစ်သည်"honey...ရိပ် ဒီစာအုပ်လေးပြီးအောင်ဖတ်ပါရစေနော်"
အနားမှာစကားတွေတတွတ်တွတ်ပြောကာနေတဲ့
သူမက မျက်နှာကြီးဆူပုတ်ကာတစ်ဖက်ကို
လှည့်သွားသည်...သူလဲခေါင်းကိုအသာခါရမ်းလိုက်ပြီး စာအုပ်ထဲကိုပြန်စိတ်နစ်လိုက်တာ
အနားက သူမထထွက်သွားတာကိုပင်မသိလိုက်"ဟူး...မျက်လုံးညောင်းတာနဲ့ထိုက်တန်ပါတယ်"
သူအခုမှသတိထားကြည့်မိတော့ သူမ ရှိမနေတော့
ဘယ်တုန်းကများထွက်သွားတာပါလိမ့်"ဟင်...honey ဘယ်ရောက်သွားတာပါလိမ့် စိတ်ဆိုးပြီးထွက်သွားတာထင်တယ် "
ပစ္စည်းတွေကိုသိမ်းဆည်းလိုက်ပြီး သူထွက်လာခဲ့လိုက်သည်...တစ်ကျောင်းလုံးနှံ့အောင်ရှာပေမယ့်
သူမရဲ့အရိပ်အယောင်လေးကိုပင်မတွေ့ရသေး"ဘယ်တွေများရောက်နေတာလဲ"
တစ်ယောက်တည်းပြောဆိုရင်း လျှောက်လာနေတုန်း
တွေ့ပါပြီ အရှေ့မှာ တရှုံ့ရှုံ့နဲ့ငိုနေတဲ့ကောင်မလေး
ဘေးမှာတော့ ဆောင်းနဲ့ suzy ကချော့မော့နေကြသည်...သူလဲအမြန်အနားကိုသွားလိုက်ကာ
KAMU SEDANG MEMBACA
Image of Heart (Season 2)
Fiksi Penggemarေရစက္ဆိုတာကိုပထမဆံုးအႀကိမ္ ယံုၾကည္ခ်င္မိတယ္ ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်