34💔

1K 119 37
                                    

{for unicode}

ဆေးရုံကအပြန်လမ်းတွင်ဖက်ငိုကြပြီးနောက်
အခြေအနေက တိုးတက်လာသည်လဲမဟုတ်
ယုတ်လျော့သွားသည်လဲမဟုတ် ဘာမှန်းမသိပေ

အရင်လိုပုန်းကွယ်ပြီးမနေတော့ သူမကိုသေချာဂရုစိုက်ပေမယ့် သူမကတော့ အေးတိအေးစက်နိုင်တုန်းပင်ဖြစ်သည်

မွေးရက်ကလည်းတစတစနီးကပ်လာခဲ့ချေပြီ
သူကခွဲမွေးစေချင်ပေမယ့်လည်း
သူမကတော့ ရိုးရိုးသာမွေးမည်ဟုဆိုသည်

မိခင်စိတ်ဓာတ်ကို အပြည့်အဝလိုချင်သည်တဲ့လေ
ကလေးလေးအရွယ်ရောက်လာတဲ့အခါ
မင်းကို အမေကဘယ်လိုအသက်နဲ့ရင်းပြီး
မွေးခဲ့ပါတယ်ဆိုတာ တမေ့တမောပြောပြချင်သေးတာ

ခြံထဲ၌လမ်းလျှောက်နေတဲ့သူမကို ဘေးကနေ
လင်းလက်နဲ့ဒေါ်ခင်သက်ထားကတွဲပေးနေသည်
သူ့မှာတော့ခပ်လှမ်းလှမ်းတွင်ရပ်ကာ
ငေးကြည့်နေရသည်

သူမအနားကိုမသွားရဲပါ သူလုပ်ခဲ့တဲ့အပြစ်တွေကို
အားနာမိတာကြောင့်ပင်ဖြစ်သည်

"ကျွီ!..."

ဖွင့်ထားတဲ့တံခါးကနေဝင်လာတဲ့ ကားအနက်လေးတစ်စီး ....သူမနဲ့အတူ လင်းလက်နဲ့ဒေါ်ခင်သက်ထားတို့ကပါ ဝင်လာတဲ့ကားကို အထူးအဆန်းလိုရပ်ကြည့်နေကြသည်

ကားပေါ်ကနေကျော့ကျော့မော့မော့နဲ့ဆင်းလာတဲ့လူကြောင့် အကုန်လုံးရဲ့မျက်နှာမှာပျက်ယွင်းသွားကြသည်

"hey...ရိပ်...long time no see"

ဒေါက်မြင့်ဖိနပ်သံ တဂွပ်ဂွပ်မှာ သူတို့အနား
အစီတကျထွက်ပေါ်လာခဲ့သည်

"ဘာလာလုပ်တာလဲ min ah"

သူ့အနားကိုလျှောက်လာတဲ့ min ah ကိုမျက်နှာတည်တည်နဲ့ပင်သူမေးမိသည်

သူမကတော့ သူတို့ကိုအကြည့်လွှဲကာ တခြားဘက်ကိုငေးနေသည်

"မေ့သွားတာလား ရိပ်ရဲ့ တို့ပြန်လာမယ်လို့ပြောခဲ့တယ်လေ အော် အန်တီနေကောင်းတယ်နော်"

min ah ကတစ်ဆက်တည်းဒေါ်ခင်သက်ထားကိုပါ
ပြုံးပြရင်းနှုတ်ဆက်နေသည်
မျက်နှာလွှဲသွားတဲ့ ဒေါ်ခင်သက်ထားကြောင့်
သူမက မဲ့ပြုံးတစ်ချက်ကို ခေတ္တဆင်မြန်းလိုက်သည်

Image of Heart (Season 2)Tempat cerita menjadi hidup. Temukan sekarang