{for unicode}
"ကျွတ်စ် ကျွတ်စ်"
ထိုးကိုက်လွန်းနေတဲ့ ခေါင်းကြောင့် သူ့မှာညည်းညူနေရသည် မျက်လုံးတို့ကိုမဖွင့်ချင်သေးပေမယ့်လည်း
သူအခု ကုန်းထချင်နေသည် မူမမှန်တဲ့ အခြေအနေကိုသူရိပ်စားမိနေတာကြောင့်ပင်ဖြစ်မည်"ဟင်...ရိပ် နိုးလာပြီလား တို့ ရိပ်အတွက် သံပုရာရည်လေးဖျော်ထားတယ် ခေါင်းကြည်သွားအောင်သောက်လိုက်နော်"
min ah ရဲ့စကားသံကြောင့် သူအားတင်းကာ
ထလိုက်ပြီး နဖူးကြောတွေကိုဖိကိုင်ကာ
ခေါင်းကိုအသာခါရမ်းလိုက်သည်စပ်ဖြင်းနေတဲ့မျက်ဝန်းတွေက အလင်းနဲ့အသားကျဖို့အနည်းငယ်တော့အရှိန်ယူလိုက်ရသည်
min ah ကတော့ သူ့ပုံစံကိုမလှုပ်မယှက်လေး
ငေးကြည့်နေခဲ့သည်"အခုဘယ်ရောက်နေတာလဲ min ah ပြီးတော့...ပြီးတော့ ဘာတွေဖြစ်ခဲ့ကြတာလဲ ဟင်...honey...honey ဆီဖုန်းဆက်ရမယ် ဖုန်းဘယ်မှာလဲ "
သူက အရာအားလုံးကိုပြန်စဥ်းစားမိသလိုပင် ဖုန်းကိုအသည်းအသန်ရှာနေသည်
"ဘာလို့အာ့လောက်...."
"ဖုန်းဘယ်မှာလဲလို့မေးနေတယ်မလား!"
min ah စကားမဆုံးခင် ထအော်လိုက်တဲ့သူ့ကြောင့်
လန့်သွားရသည် သူ့မျက်ဝန်းတွေကနီရဲနေပြီး
ဒေါသထွက်နေသည်ကိုသိသိသာသာ
ပေါ်လွင်နေစေသည်"ok စိတ်လျှော့ပါ ရိပ် တို့ သိမ်းထားတယ် ခနလေး"
"ရိပ်ရဲ့ဖုန်းက မင်းသိမ်းထားစရာမဟုတ်ဘူးထင်တယ်နော်"
"တို့ကပျောက်သွားမှာစိုးလို့ပါ"
ပြောရင်းပင် သူ့လက်ထဲသို့ဖုနလးကိုထည့်ပေးလာသည်
သူချက်ချင်းပင် ဖုန်းကိုဖွင့်ကာ သူမဆီဖုန်းခေါ်လိုက်သည် ထို့နောက် ကုတင်ရဲ့တစ်ဖက် min ahနဲ့ ဝေးရာဆီမှာထိုင်လိုက်ပြီး ကိုက်ခဲနေတဲ့ခေါင်းကိုလည်း
ဖိကိုင်ထားရသည်"ကျစ်...ဖုန်းကိုင်ပါ honey ရာယ်"
သူတိုးတိုးလေးသာရေရွတ်ရင်း ကိုင်သူမဲ့နေတဲ့ဖုန်းလေးကိုထပ်ခါထပ်ခါခေါ်နေမိသည်
YOU ARE READING
Image of Heart (Season 2)
Fanfictionေရစက္ဆိုတာကိုပထမဆံုးအႀကိမ္ ယံုၾကည္ခ်င္မိတယ္ ရေစက်ဆိုတာကိုပထမဆုံးအကြိမ် ယုံကြည်ချင်မိတယ်